အထက်တန်းပြီးမြောက်ခြင်းလက်ဆောင်အဖြစ် အတန်းဖော် ​အယောက် ၁၁၀ ကို သူတို့ရဲ့ပုံတူပန်းချီရေးဆွဲပေးခဲ့တဲ့ ကျောင်းသူလေး

gift.png

အထက်တန်းအောင်မြင်ပြီးမြောက်သွားတဲ့ ဆိုဖီယာ နယ်လ်ဆန်ဆိုတဲ့ ကောင်မလေးဟာ သူ့ရဲ့အတန်းဖော်တွေကို အချင်းချင်းဂုဏ်ပြုပေးချင်ခဲ့တာပါ။ အဲ့ဒါကြောင့် အထက်တန်းပြီးမြောက်ခြင်းလက်ဆောင်အဖြစ် အတန်းဖော် ၁၁၀ လုံးရဲ့ပုံတူကို ရေးဆွဲပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နယူးယောက်မြို့က Notre Dame Academy မှာ တက်ရောက်ခဲ့တဲ့ ဆိုဖီယာက ဒီပုံတူပန်းချီတွေရေးဆွဲဖို့ အချိန် ၂ လယူခဲ့ရပြီး ပြီးခဲ့တဲ့နှစ်ရဲ့ကျောင်းနှစ်ပတ်လည်စာစောင်ထဲက ဓာတ်ပုံတွေကို ကြည့်ပြီးတော့ အတန်းဖော်တွေမသိအောင် ရေးဆွဲခဲ့တာပါ။

ဆိုဖီယားက အထက်တန်းကျောင်းဆင်းပွဲအခမ်းအနားမတိုင်ခင် ၂ ရက်အလိုမှာ ပြီးစီးခဲ့ပါတယ်။ အထက်တန်းကျောင်းဆင်းပွဲအခမ်းအနားမှာ သူ စင်မြင့်ပေါ်တက်ပြီး ကျေးဇူးတင်စကားပြောတဲ့အချိန် အတန်းဖော်တွေကို သူတို့ရဲ့ထိုင်ခုံအောက်ကို ကြည့်ပေးဖို့ ပြောခဲ့ပါတယ်။ သူ လုပ်ပေးခဲ့တဲ့အရာကို အတန်းဖော်တွေ သိရှိသွားတဲ့အချိန်မှာ ဝမ်းပန်းတသနဲ့ ရယ်မောပျော်ရွှင်ကာ လက်ခုပ်ဩဘာပေးခဲ့ကြပါတယ်။

ဆိုဖီယာက အခုနှစ်ဆောင်ဦးရာသီမှာ သူနာပြုပညာကို သင်ယူဖို့ Macaulay Honors College မှာ တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ အားတဲ့အချိန်မှာ ပန်းချီပညာကို ဆက်လက်လေ့လာသွားဖို့ စီစဉ်ထားပါတယ်။

Ref: High school graduate paints portraits of classmates as graduation gift

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top