MTV EMA ဆုပေးပွဲမှာ ဆုအများဆုံးရရှိခဲ့တဲ့ တေလာဆွစ်ဖ်

14-11-2022yyl27.jpg

ပေါ့ပ်ဘုရင်မ တေလာဆွစ်ဖ်ဟာ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ MTV EMA ဆုပေးပွဲမှာ ဆု ၄ ဆု ဆွတ်ခူးခဲ့ပါတယ်။ တလက်လက်တောက်ပနေတဲ့ ငွေရောင်ဝတ်စုံလေးနဲ့ တေလာဆွစ်ဖ်က Best Artist၊ Best Pop၊ Best Video နဲ့ Best Long Form Video ဆုတွေကို ရရှိခဲ့တာပါ။ “ရုပ်ရှင်ဖန်တီးတာက ကျွန်မရဲ့ဇာတ်လမ်းကို သဘာဝအတိုင်း ချဲ့နိုင်တယ်ဆိုတာကို အများကြီးသင်ယူခဲ့ရသလို ခံစားရတယ်” လို့ တေလာက Best Long Form Video ဆုကို လက်ခံတဲ့အချိန်မှာ ပြောကြားခဲ့ပါတယ်။

ဆု (၂) ဆုရရှိခဲ့တဲ့သူတွေထဲမှာ Best Song နဲ့ Best Hip Hop ရရှိခဲ့တဲ့ နစ်ကီ မင်နာချ်၊ Best Electronic နဲ့ Best Collaboration ရရှိခဲ့တဲ့ ပြင်သစ်လူမျိုး DJ နဲ့ ထုတ်လုပ်သူ ဒေးဗစ် ဂူတာတို့ပါဝင်ပါတယ်။ MTV EMA ဆုပေးပွဲက ဘရားဇီးနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံအပါအဝင် တခြားနိုင်ငံတွေက အဆိုတော်တွေကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။ အခုနှစ်မှာ Eurovision Song Contest ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ယူကရိန်းနိုင်ငံရဲ့Kalush Orchestra ကလည်း ဖျော်ဖြေတင်ဆက်မှုလုပ်ခဲ့ပါတယ်။

ဗြိတိန်ပေါ့ပ်စတား ဟယ်ရီ စတိုင်လည်း Best Live ဆုအမျိုးအစားကို ရရှိခဲ့ပြီး ထိုင်းနိုင်ငံဖွား ကိုရီးယားအဆိုတော် လီဆာက Best Kpop ဆုရရှိခဲ့တဲ့အပြင် Best Metaverse Performance ဆုကို BLACKPINK x PUBG က ရရှိခဲ့ပါတယ်။ ကိုရီးယားအဆိုအဖွဲ့ BTS ကလည်း Biggest Fans ဆုအမျိုးအစားကိုရရှိခဲ့ပါတယ်။ နောက်ထပ်ကိုရီးယားအဆိုအဖွဲ့ Seventeen ကလည်း Best New ဆုကို ဆွတ်ခူးပါတယ်။ အခြားဂီတပညာရှင်တွေလည်း ဆုအသီးအသီးရရှိခဲ့ကြပါတယ်။

ဗြိတိန်ပေါ့ပ်စတား ရီတာ အော်ရာနဲ့ ရုပ်ရှင်ဒါရိုက်တာ တိုင်ကာ ဝေတီတီတို့က ဒီဆုပေးပွဲရဲ့အခမ်းအနားမှူးတွေအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။ ရီတာ အော်ရာကိုယ်တိုင်ကလည်း Best Look ဆု ရရှိခဲ့ပါတယ်။

Ref: AsiaOne “Taylor Swift wins most prizes at MTV Europe Music Awards”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top