DNA ရင့်ရော်လာခြင်းကို တားဆီးနိုင်မယ့် နည်းလမ်းရှာတွေ့ပြီဖြစ်တာကြောင့် ဦးနှောက်ဆဲလ်သေခြင်းကို ကာကွယ်နိုင်တော့မယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
သြစတြေးလျနိုင်ငံ မက်ကွိုင်းယားတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ disulphide isomerase (PDI) ပရိုတိန်းဖြစ်ပေါ်လာစေတဲ့ အဓိကအခန်းကဏ္ဍကို တွေ့ရှိခဲ့တာပါ။ ဒါဟာ ဦးနှောက်ဆဲလ်တွေကို ကာကွယ်ပေးဖို့၊ ဦးနှောက်ဆဲလ်တွေ ရင့်ရော်လာတာကို လျှော့ချပေးနိုင်ဖို့ အဓိကကျတယ်လို့ ဆိုပါတယ်။
ဆဲလ်အဆောက်အအုံပတ်လည် အရည်ထည်ထဲမှာ တွေ့ရလေ့ရှိတဲ့ PDI ပရိုတိန်းဟာ ဆဲလ်ဗဟိုချက်ထဲ ဝင်သွားပြီး ထိခိုက်ပျက်စီးနေတဲ့ DNA တွေကို ပြန်လည်ပြင်ဆင်ပေးတာ ဖြစ်ပါတယ်။ ဒါဟာ အယ်လ်ဇိုင်းမား၊ ပါကင်ဆန်နဲ့ ဦးနှောက်အာရုံကြော ယိုယွင်းတဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ဖို့ အဓိကကျတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။
ဒီသုတေသနကို Aging Cell စာစောင်မှာ ရေးသားဖော်ပြချက်အရ PDI ပရိုတိန်းဟာ မော်လီကျူးကော်အဖြစ် လုပ်ဆောင်ပြီး DNA အက်ကွဲကြောင်းတွေကို ပြန်လည်ပေါင်းစည်းစေတာ ဖြစ်ပါတယ်။
PDI ပရိုတိန်းက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရင်း တစ်ဖက်မှာလည်း ကျန်းမာသန်စွမ်းတဲ့ ဆဲလ်တွေကို ကာကွယ်ပေးဖို့ ဘယ်လို လုပ်ဆောင်သလဲဆိုတာကို သိပ္ပံပညာရှင်တွေက စူးစမ်းရှာဖွေလျက် ရှိပါတယ်။
Ref: Scientists say they have a way to repair aging DNA and possibly prevent brain cell death.
NZ ( ရိုးရာလေး)