သမုဒ္ဒရာကြမ်းပြင်မှာ ရှင်သန်ကျက်စားတဲ့ သုံးထောက်ငါး

fishleg.jpg

သုံးထောက်ငါး (tripod fish)ဟာ ရေမျက်နှာပြင်အောက် မီတာ ထောင်ချီ နက်ရှိုင်းပြီး နေရောင် မထိတွေ့လို့ မည်းမှောင်နေတဲ့ သမုဒ္ဒရာကြမ်းပြင်မှာ ရှင်သန်ကျက်စားလေ့ရှိပြီး သူ့ရဲ့ပုံပန်းသဏ္ဍာန်ကြောင့် လူသိများပါတယ်။

သုံးထောက်ငါးဟာ ရှည်လျားတဲ့ ဆူးတောင်သုံးခုကို ထောက်တိုင်တွေလိုသုံးပြီး ပင်လယ်ကြမ်းပြင်မှာ လှုပ်ရှားတာ ဖြစ်ပါတယ်။ ပါးဟပ်နားမှာ ဆူးတောင်နှစ်ချောင်း၊ အမြီးမှာ ဆူးတောင်တစ်ချောင်း ပါပါတယ်။ ရေစီးထဲမှာ သူ့ရဲ့သားကောင်တွေ ကူးခတ်ရွေ့လျားနေတာကို သုံးထောက်ငါးက အငြိမ်စောင့်ကြည့်ပြီးမှ လေဆာရောင်ခြည်ပစ်သလို အလွန်တိကျစွာ ထိုးသုတ်ဖမ်းဆီး စားသောက်တာပါ။

ရေအောက်ကြမ်းပြင် အမှောင်ထဲမှာ သားကောင်ကို မမြင်ရတဲ့အခါ တုန်ခါမှုကို အာရုံခံစားနိုင်စွမ်းရှိတဲ့ ဆူးတောင်တွေကို လှိုင်းဖမ်းကိရိယာလို အသုံးပြုပြီး သားကောင် ဖမ်းတာ ဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ အကြမ်းတမ်းဆုံး နေရာမှာတောင် သက်ရှိတွေ လိုက်လျောညီထွေစွာ နေထိုင်နိုင်စွမ်းရှိတာကို သုံးထောက်ငါးက သက်သေပြနေသလိုပါပဲ။

Ref: The tripod fish or tripod spiderfish, Bathypterois grallator, is a deep-sea benthic fish

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top