ရောဂါဘယကင်းရှင်းစေမယ့် ဂျပန်လူမျိုးများရဲ့ နေ့စဉ်နေထိုင်စားသောက်မှုပုံစံ

19-3-2020-yyl-002.jpg

တကယ်လို့ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်တဲ့အခါ ဂျပန်မြို့ကြီးရဲ့ အလှအပတွေကို တွေ့မြင်ရုံသာမက ဂျပန်လူမျိုးတွေ ကျန်းမာပျော်ရွှင်စွာ သွားလာလှုပ်ရှားနေကြတာကိုပါ တွေ့မြင်ရမှာပါ။ အဓိကအကြောင်းအရင်းကတော့ ဂျပန်လူမျိုးများရဲ့ နေ့စဉ်ဘဝနေထိုင်မှု၊ စားသောက်မှုပုံစံများကြောင့်ပဲဖြစ်ပါတယ်။

ဂျပန်လူမျိုးတွေဟာ အစားအသောက်ရွေးချယ်စားသောက်ရာမှာ အရသာရှိဖို့ထက် ကျန်းမာရေးနဲ့ ညီညွတ်ဖို့အဓိကထားပြီး ရွေးချယ်စားသောက်ကြပါတယ်။

ဂျပန်လူမျိုးတို့ရဲ့ နေ့စဉ်စားသောက်မှုပုံစံကို ဗဟုသုတအဖြစ် လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။။

လက်ဖက်ရည်ကြမ်း(Green Tea)

Green Teaဟာ အချိန်မတန်မီ အသက်အရွယ်အိုမင်းခြင်းကို ကာကွယ်ပေးတဲ့အပြင် ပုံမှန်နေ့စဉ်သောက်သုံးပေးပါက ခန္ဓာကိုယ်အဆီပိုတွေကို လျော့ကျစေပြီး ကင်ဆာနဲ့နှလုံးရောဂါတွေ ဖြစ်ပွားတာကိုလည်း ကာကွယ်ပေးနိင်ပါတယ်။ လေ့လာချက်တွေအရ Green Teaတစ်နေ့ ပုံမှန်၅ခွက်မျှသောက်သုံးတဲ့ အသက်အရွယ်ရသူတွေကို လေ့လာစမ်းသာကြည့်ရာမှာ နှလုံသွေးကြောကျဉ်းရောဂါဖြစ်ပွားမှု အနည်းငယ်ပဲ ရှိပါတယ်။

ပင်လယ်စာ

ဂျပန်လူမျိုးတွေဟာ အသားထက် ပင်လယ်စာကို အဓိကထားပြီး စားသောက်ကြပါတယ်။ အသားတွေဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ်လက်စထရော ပမာဏကိုမြင့်မားစေသလို အဝလွန်တာကိုဖြစ်စေတယ်လို့ ယူဆပြီး ပင်လယ်စာ(အဓိကအားဖြင့် ဆော်လမွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါး၊ ပုစွန်စိတ်)တို့ကိုပဲ အဓိကထား စားသောက်ကြပါတယ်။ ဦးနောက်၊ နှလုံးနဲ့ တစ်ခြားအရေးကြီးအင်္ဂါအစိတ်အပိုင်းများအတွက် အကျိုးပြုစေမယ့် Omega-3 ဖက်တီးအက်စစ်ကို ငါးကနေ ရရှိနိုင်ပါတယ်။ ဖက်တီးအက်စစ်ဟာ ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့အဆီတွေကိုလောင်ကျွမ်းစေတဲ့အပြင် အရေပြားနီမြန်းပြီး အဖုအကျိမ့်များထွက်ခြင်း၊ ဝက်ခြံများထွက်ခြင်း စတဲ့ အရေပြားရောဂါများကိုပါ သက်သာပျောက်ကင်းစေပါတယ်။

ပမာဏအနည်းငယ်ပဲ စားသောက်ခြင်း

အားလုံးပဲ သိထားတဲ့အတိုင်း ဂျပန်လူမျိုးတွေ ထမင်းစားတဲ့အခါ ပန်ကန်လုံးလေးထဲ ထမင်းထည့်ပြီး တူလေးနဲ့ အနည်းငယ်ပဲ စားကြပါတယ်။ အဓိကကတော့ ခန္ဓာကိုယ်အလေးချိန်မတက်စေဖို့ပဲဖြစ်ပါတယ်။ ဘယ်လိုဟင်းလျာနဲ့စားစား အရေးကြီးဆုံးက ပမာဏအနည်းငယ်ပဲစားရမယ်လို့ ဂျပန်လူမျိုးတွေက ယူဆထားကြပါတယ်။

လမ်းလျှောက်ခြင်း

ဂျပန်လူမျိုးတွေဟာ လမ်းလျှောက်တာကို အဓိကထားပြီး တစ်နေရာကနေတစ်နေရာ သွားလာကြပါတယ်။ လမ်းလျှောက်တာဟာ နှလုံးကျန်းမာရေးအတွက်အထောက်အကူပြုစေပြီး စိတ်ဖိစီးမှုကို သက်သာစေတဲ့အပြင် တက်ကြွလန်းဆန်းစေတဲ့အတွက် တကူးတက လေ့ကျင်ခန်းမလုပ်ကြပဲ သွားလာလှုပ်ရှားရင်းနဲ့ လေ့ကျင့်ခန်းလုပ်ကြတယ်လို့ယူဆပြီး လမ်းလျှောက်ကြပါတယ်။ တချို့ကတော့ လမ်းလျှောက်တာအပြင် စက်ဘီးစီးပြီး တစ်နေ့တာ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ကြပါတယ်။

လမ်းလျှောက်ပြီး အစာစားခြင်း

ဂျပန်လူမျိုးတွေဟာ အစားသောက်စားသောက်ရင်း လမ်းလျှောက်တာဟာ မသင့်တော်တဲ့အပြုအမူတစ်ခုဖြစ်ပြီး ကျန်းမာရေးကိုထိခိုက်စေတယ်လို့ ယူဆထားကြပါတယ်။ သူတို့ဟာအစားစားချိန်မှာ အစားစားခြင်းကို အနှောက်ယှက်ဖြစ်စေမယ့် တီဗီကြည့်တာလိုမျိုး အပြုအမူတောင် ပြုလုပ်ခွင့်မပေးထားပါဘူး။ အစာကို ဖြည်းဖြည်းစားတာကြောင့် အစာမကြေဖြစ်တာ၊ ဗိုက်နာဗိုက်အောင့်တာတို့အပြင် အစာအိမ်မှလိုအပ်တဲ့ပမာဏကို သိစေနိုင်တဲ့အတွက် အလွန်အကျွံ စားသာက်မိတာကို ရှောင်ကြည်နိုင်ပါတယ်။

ချက်ပြုတ်ခြင်း

အစားအသောက်များချက်ပြုတ်ရာမှာလည်း ဟင်းချက်အမွှေးကြိုင်များ အလွန်အကျွံထညိ့သွင်းချက်ခြင်းကို ရှောင်ကြဉ်စေပြီး ကျန်းမာရေးနဲ့ညီညွတ်စေဖို့ဟင်းချက်ဆီကိုလည်း တတ်နိုင်သမျှလျော့ချပြီး ချက်ပြုတ်စားသောက်ကြပါတယ်။ ပဲပိစပ်ကိုမှိုနဲ့ အချဉ်ဖောက်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင် မီဆို(Miso) ၊ဂေါ်ဖီထုပ်ကို အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို ဂျပန်လူမျိုးတွေ နေ့စဉ်စားသုံးကြပါတယ်။ ဒီအစားအစာတွေဟာ ကောင်းမွန်တဲ့ အစာခြေဖျက်ခြင်းကိုဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

အချိုပွဲ

ဂျပန်လူမျိုးတွေက အစားစားပြီးတဲ့အခါတိုင်း သန့်ရှင်းလတ်ဆတ်တဲ့သစ်သီးများကို အချိုပွဲအဖြစ်သုံးဆောင်ကြပါတယ်။ ခန္ဓာကိုယ်အလေးချိန်တက်စေမယ့် ချိုတဲ့အစားအစာတွေ၊ သကြား၊ ဂျုံနှင့်ပြုလုပ်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးတွေကိုသာ စားသုံးလေ့ရှိပါတယ်။

ကိုယ်ခံပညာအားကစားနည်းများ

ဂျပန်လူမျိုးအများစုဟာ ကိုယ်ခန္ဓာသွက်လကဖျတ်လက်ပြီး သန်စွမ်းဖို့အတွက် ဂျူဒို၊ကရာတေး အစရှိတဲ့ ရိုးရာကိုယ်ခံပညာတစ်ခုခုကို လေ့လာလိုက်စားကြပါတယ်။ အဲ့ဒီအားကစားတွေဟာ ခန္ဓာကိုယ်ကြွက်သားတည်ဆောက်ရမှာ အထောက်အကူပြုပြီး အိုမင်းရင့်ရော်ခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန်တက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

ရေပူစမ်းများ

ဂျပန်နိုင်ငံဟာ ရာသီဥတုအေးတဲ့နိုင်ငံဖြစ်တာကြောင့် ရေပူစမ်းတွေမှာ အနားယူတာက ဂျပန်လူမျိုးတို့အတွက် ပုံမှန်လုပ်နေကျပဲ ဖြစ်ပါတယ်။ ရေပူစမ်းကနေရတဲ့ ခန္ဓာကိုယ်အတွက် အဟာရဖြစ်စေမယ့် ကယ်စီယမ်၊ စီလီကာ နဲ့ မဂ္ဂနီဆီယမ်အစရှိတဲ့ ဒြပ်စင်တွေဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ တစ်လနှစ်ကြိမ်လောက် ရေပူစမ်းမှာ အနားယူတာက စိတ်ဖိစီးမှုများလျော့ကျနိုင်ပြီး ကောင်းမွန်စွာအိပ်စက်နိုင်ပါလိမ့်မယ်။

 

Ref: Internet

Paradise(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top