ကျေးဇူးတော် မုန့်ဗီရို ဆောက်လုပ် လှူဒါန်း

roman-espinoza-blessing-box-caja-de-bandiciones-5-a.jpg

တစ်ချို့သောလမ်းတွေမှာ လူတိုင်း လွတ်လပ်စွာ ငှားရမ်းဖတ်ရှုနိုင်တဲ့ စာကြည်တိုက်စင်လေးတွေကိုတော့ လူတော်တော်များများ တွေ့ဖူးကြမှာပါ။ ဒါပေမဲ့  အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်ရှိ ဝါးတားတောင်းမြို့မှာ နေထိုင်သူ ရိုမန်အက်စ်ပင်နိုဇာ (Roman Espinoza) ကတော့ တမူထူးခြားစွာ “ကျေးဇူးတော် မုန့်ဗီရို” လို့ သူအမည်ပေးထားတဲ့ စားစရာများ ထား ထားတဲ့ ဗီရို တစ်ခုကို ဆောက်လုပ်ကာ မရှိဆင်းရဲသားများ စားသုံးရန်  လှူဒါန်းနေသူတစ်ယောက် ဖြစ်ပါတယ်။ ဒီ အစားအစာ ဗီရိုလေးကို အက်စ်ပင်နိုဇာဟာ လှူဒါန်းလိုသူတွေထံမှ အလှူငွေကောက်ယူပြီး မုန့်နဲ့စားစရာများ ဖြည့်တင်း  ပေးထားတာဖြစ်ပါတယ်။

“ သင်အနေနဲ့ ပေးချင်တာပဲဖြစ်ဖြစ် ယူချင်တာပဲဖြစ်ဖြစ် ကျေးဇူးတော် မုန့်ဗီရို ဆီကိုလာလို့ရပါတယ်။ ကျွန်တော်အနေနဲ့ မုန့်၊ စားစရာများကို မပြတ်လပ်အောင် အမြဲဖြည့်ထားပြီး ပိတ်ရက်မရှိ ၂၄ နာရီဖွင့်ထားပါတယ်။ ” လို့ အက်စ်ပင်နိုဇာ က CNN သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

အက်စ်ပင်နိုဇာ ဟာ စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ပြီး ဒီ အကြံဉာဏ်ကို ကောလိပ်တစ်ခုမှ ကျောင်းသားများအတွက် အစားအစာဗီရိုလေးတစ်ခု တည်ဆောက်ထားတာကို မြင်ရတဲ့ အခါက ရခဲ့တာဖြစ်ပါတယ်။ အက်စ်ပင်နိုဇာဟာ ပထမဆုံးအကြိမ်တော့ သူကိုယ်တိုင်ပဲ အစားအစာများကို ဖြည့်တင်းခဲ့ပြီး နောက်ပိုင်းမှာတော့ ဝါးတားတောင်းမြို့မှ နေထိုင်သူများက ဝယ်ယူလှူဒါန်းကြပါတယ်။

“ ဒီအစားအစာ ဗီရိုလေးဟာ မြို့နေလူထုအတွက် တည်ဆောက်ထားတာဖြစ်ပြီး မြို့နေလူထုကပဲ ထောက်ပံ့ပေးထားတာပါ။ ကျွန်တော်တို့ မြို့မှ ဒေသခံတွေက လှူဒါန်းဖို့ဆို အားတက်တရောရှိကြပါတယ်။ ကျွန်တော်တို့ အစားအသောက် ဘီရိုထဲမှာ အစားအသောက်အပြင် သွားတိုက်ဆေး၊ သွားတိုက်တံ၊ ပတ်တီး၊  ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်ပါ ထည့်ပေးထားပါတယ်။ ကျွန်တော့် အစားအသောက်ဗီရိုလေးက အစပြုလို့ အနီးအနားတစ်ဝိုက်က မြို့တွေလဲ ဒီလိုမျိုး  အလှူလေးတွေကို ပြုလုပ်ကြဖို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။။ နောင် ၅ နှစ်အကြာလောက်မှာ ဝါးတားတောင်းမြို့လေးတစ်ဝိုက် “ကျေးဇူးတော် မုန့်ဗီရို ”လေးတွေ အများကြီး ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ် ”လို့ အက်စ်ပင်နိုဇာက သူရဲ့ မုန့်ဗီရို အလှူနဲ့ပတ်သတ်ပြီး CNN သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ  ပြောပြသွားခဲ့ပါတယ်။

Ref : CNN News : Man builds a food pantry on his lawn so the hungry can eat

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top