လက်ပ်တော့ဘက်ထရီအဟောင်းတွေသုံးပြီး စွမ်းအင်စနစ်တည်ထောင်ခဲ့သူ

power.jpg

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ နေထိုင်သူတစ်ဦးဟာ လက်ပ်တော့ဘက်ထရီအဟောင်း ၁၀၀၀ အသုံးပြုပြီး သူ့အိမ်မှာ ကိုယ်ပိုင်စွမ်းအင်စနစ် တည်ထောင်ခဲ့ပါတယ်။ လူမှုကွန်ရက်မှာ Glubux လို့ လူသိများတဲ့ အမျိုးသားဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကစပြီး လက်ပ်တော့ဘက်ထရီအဟောင်းတွေ လိုက်စုခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဘက်ထရီအဟောင်းတွေကို ပြန်လည်အသုံးချဖို့ပါပဲ။

သူက လစ်သီယမ်အိုင်းယွန်းဆဲလ်တွေကို သီးသန့်ခွဲထုတ်ပြီး စွမ်းအင်အများအပြား သိုလှောင်နိုင်မယ့် ဘက်ထရီအိုးကြီးတစ်ခုအဖြစ် ချိတ်ဆက်ဖန်တီးခဲ့ပါတယ်။ အဲဒီနောက်မှာ ဆိုလာပြားတွေနဲ့ချိတ်ဆက်ပြီး စွမ်းအင်စနစ်တစ်ခု တည်ထောင်ခဲ့တာပါ။

သူဟာ ၉ နှစ်တာအတွင်း မီတာခ အများအပြားသက်သာခဲ့သလို သူ့ရဲ့ကိုယ်ပိုင်စွမ်းအင်စနစ်က အခုချိန်အထိလည်း ကောင်းမွန်စွာ အသုံးပြုနိုင်ဆဲဖြစ်ပါတယ်။ လစ်သီယမ်အိုင်းယွန်းဆဲလ်တွေကို လဲလှယ်စရာ မလိုဘဲ ကာလရှည်စွာ အသုံးပြုနိုင်တာကြောင့် သူ့ရဲ့ စွမ်းအင်စနစ်က အံ့အားသင့်စရာပါပဲ။

Ref: Since 2016, This Man Has Powered His Home Off-Grid With Only Laptops

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top