ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှမတူတဲ့ သွေးအမျိုးအစားပိုင်ရှင်

blood.jpg

ကမ္ဘာ့အရှားပါးဆုံး သွေးအမျိုးအစားပိုင်ရှင်ကို သိပ္ပံပညာရှင်တွေက ခွဲခြားဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူကတော့ ကာရေဘီယံပင်လယ်ထဲမှ ပြင်သစ်နိုင်ငံပိုင် ဂွာဒီလု(ပ်)ကျွန်းမှာ နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က အဲဒီအမျိုးသမီးကို ခွဲစိတ်မှုမလုပ်ခင် သွေးစစ်ဆေးမှုလုပ်ခဲ့ရာမှာ ဆရာဝန်တွေ အံ့အားသင့်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့သွေးအမျိုးအစားက ဘယ်သွေးအုပ်စုထဲမှာမှ မပါဝင်တဲ့ သွေးအမျိုးအစားသစ်တစ်ခု ဖြစ်နေတာကြောင့်ပါပဲ။

၂၀၂၅ ခုနှစ် ဇွန်လမှာတော့ နိုင်ငံတကာသွေးအဖွဲ့အစည်းက ဒီအမျိုးသမီးရဲ့ သွေးအမျိုးအစားဟာ ကမ္ဘာပေါ်မှာ ၄၈ ခုမြောက် သွေးအုပ်စုသစ် ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီအမျိုးသမီး နေထိုင်တဲ့ ကျွန်းကို အစွဲပြုပြီး ဒီသွေးအုပ်စုကို ဂွါဒါနက်ဂတစ် (Gwada negative)လို့ အမည်ပေးခဲ့ပါတယ်။

သွေးနီဥမျက်နှာပြင်ပေါ်မှ မိုလီကျူးတွေကို အခြေခံပြီး သွေးအုပ်စု ခွဲခြားတာဖြစ်ပါတယ်။ ပြင်သစ်သိပ္ပံပညာရှင်တွေက နည်းပညာမြင့် ဒီအန်အေဆင့်ကဲ ဖြစ်ပေါ်မှုတွေနဲ့ တိုက်ဆိုင်စစ်ဆေးမှုအရ PIGZ လို့ အမည်ရတဲ့ မျိုးဗီဇမှာ ထူးခြားတဲ့ ပြောင်းလဲမှုကြောင့် သွေးနီဥဆဲလ်တွေမှာ တွေ့ရတဲ့ ပရိုတိန်းဓာတ် အပြောင်းအလဲဖြစ်ပြီး ဒီအမျိုးသမီးရဲ့ သွေးအုပ်စုက အသစ်ဖြစ်နေတာလို့ တွေ့ရှိခဲ့ပါတယ်။

Ref: Scientists have discovered a new blood group that has so far only been identified in one woman

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top