မန်ယူပရိသတ်တွေက အသင်းအမှုဆောင်ချုပ် အက်ဝုဒ်ဝက်ရဲ့စံအိမ်ကို တိုက်ခိုက်

yyl-012-18.jpg

မန်ယူအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဒေါသထွက်နေတဲ့ ပရိသတ်တစ်စုက ချက်ရှိုင်းယားဒေသမှာရှိတဲ့ မန်ယူအသင်း အမှုဆောင်ချုပ် အက်ဝုဒ်ဝက်ရဲ့ ပေါင်(၂)သန်းတန် စံအိမ်ကို မီးရှူးမီးပန်းတွေ၊ မီးခိုးဗုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ရာသီတစ်ဝက်ကျော်လွန်လာတဲ့အထိ ရုန်းကန်နေရသလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ပိုင်းနေရာနဲ့ အလှမ်းဝေးနေဆဲဖြစ်လို့ မန်ယူအသင်း ပရိသတ်တွေက အက်ဝုဒ်ဝက်ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်လာခဲ့ကြပါတယ်။

အိမ်ကွင်းမှာ ဘန်လေကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ ထရန်မဲလ်အသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်တွေမှာ မန်ယူအသင်း ပရိသတ်တချို့က ”အသင်းပိုင်ရှင် ဂလေဇာမိသားစုနဲ့ အက်ဝုဒ်ဝက်တို့ မီးလောင်ခံနေပြီ”လို့ အဓိပ္ပာယ်ရတဲ့ သီချင်းကို သီဆိုခဲ့ကြပါတယ်။ အက်ဝုဒ်ဝက်ရဲ့စံအိမ်ကို တိုက်ခိုက်ခဲ့တဲ့ ပရိသတ်တချို့ကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Men In Black လူရမ်းကားတွေဖြစ်ပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး မန်ယူအသင်းက ရှုတ်ချသွားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top