နာမကျန်းဖြစ်နေတဲ့ ၈ လသားကလေးလေးအတွက် ရန်ပုံငွေရှာဖို့ သူ့ရဲ့တိုကျိုအိုလံပစ်ငွေတံဆိပ်ဆုကို လေလံတင်ရောင်းချခဲ့ဖူးတဲ့ ပိုလန်လှံပစ်ကစားသမား

0lympian.png

တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရခဲ့တဲ့ ပိုလန်လှံပစ်ကစားသမား  Maria Magdalena Andrejczyk ဟာ အိုလံပစ်ပွဲအပြီး ရက်အနည်းငယ်အကြာမှာ သူ့ရဲ့ငွေတံဆိပ်ဆုကို လေလံတင်ရောင်းချခဲ့ပါတယ်။ အခုလိုရောင်းချရတာက ၈ လသားကလေးလေး Miloszek Malysa ရဲ့ နှလုံးခွဲစိတ်ဖို့အတွက် ရန်ပုံငွေရှာဖို့ပါ။

အဲ့ဒီတုန်းက Maria ဟာ သူ့ရဲ့ငွေတံဆိပ်ဆုကိုလေလံတင်ရောင်းချရတာနဲ့ပတ်သက်ပြီး အခုလို ဆိုထားပါတယ်။ “ဆုတံဆိပ်တစ်ခုရဲ့တန်ဖိုးဟာ နှလုံးသားထဲမှာ အမြဲရှိနေပါတယ်။ ဆုတံဆိပ်တစ်ခုဟာ အရာဝတ္ထုတစ်ခုပဲ ဒါပေမဲ့ ဒါက အခြားသူတွေအတွက်တော့ တန်ဖိုးရှိနိုင်ပါတယ်။ ဒီငွေတံဆိပ်ဆုက ဗီရိုထဲမှာ ဖုန်အတတ်ခံပြီး စုဆောင်းထားမယ့်အစား အသက်တွေကို ကယ်တင်နိုင်မှာပါ။ ဒါကြောင့်မို့ နာမကျန်းဖြစ်နေတဲ့ ကလေးတွေကို ကူညီပေးဖို့အတွက် လေလံတင်ဖို့ ဆုံးဖြတ်ခဲ့တာပါ”တဲ့။ 

ပိုလန် Convenience Store Zabka က Maria ရဲ့ငွေတံဆိပ်ဆုကို ဒေါ်လာ ၁၂၅၀၀၀ နဲ့ လေလံအောင်ခဲ့ပါတယ်။ ဒါပေမဲ့ Zabka က အဲ့ဒီငွေတံဆိပ်ဆုကို ပိုင်ရှင်ထံ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူတို့ရဲ့အိုလံပစ်ကစားသမားရဲ့အလွန်မွန်မြတ်တဲ့ စိတ်ဓာတ်နဲ့ အပြုအမူကြောင့် သူတို့တွေ စိတ်လှုပ်ရှားရပါတယ်။ တိုကျိုကနေရတဲ့ ငွေတံဆိပ်ဆုကို Maria နဲ့အတူ ဆက်လက်ဆက်ရှိနေပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်မှာ ပို့စ်တင်ပြီး အသိပေးခဲ့တာပါ။ 

ဒီအဖြစ်အပျက်ကတော့ ၂၀၂၁ ခုနှစ်က ဇာတ်လမ်းလေးပါပဲ။ 

Ref: An Olympian Sold Her Silver Medal To Fund A Boy’s Surgery. The Buyer Let Her Keep It

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top