အလစ်သုတ်မှုများလာလို့ ဗြိတိန်စူပါမားကတ်တွေမှာ အသားပြား၊ ချိစ်ပြားတွေကို လုံခြုံရေးသော့ချိတ် တပ်ဆင်ထားရ

1.6.2023-yyl-3.jpg

ဗြိတိန်နိုင်ငံမှာ အလစ်သုတ်မှု များပြားလာလို့ စူပါမားကတ်တွေမှာ အသားပြား၊ ချိစ်ပြားတွေကို လုံခြုံရေးသော့ချိတ် (security tag) တပ်ဆင်ထားပြီး ကော်ဖီတွေကိုလည်း ဖန်ဘူးထဲမှာ ထည့်ထားရပါတယ်။ အလစ်သုတ်မှု လျော့ကျစေဖို့ တချို့စတိုးဆိုင်တွေကတော့ စင်ပေါ်တင်ထားတဲ့ ပစ္စည်းအရေအတွက်ကိုတောင် ကန့်သတ်ထားပါတယ်။

ဘီဘီစီသတင်းဌာနရဲ့ လေ့လာဆန်းစစ်ချက်အရ နေထိုင်မှုကုန်ကျစရိတ် မြင့်တက်လာတာနဲ့အညီ ဗြိတိန်နိုင်ငံမှာ အလစ်သုတ်မှုတွေ မြင့်တက်လာပြီး ကပ်ရောဂါမတိုင်မီ ကာလက ပမာဏမျိုး ပြန်ဖြစ်လာတာပါ။ ပြီးခဲ့တဲ့မတ်လက အင်္ဂလန်၊ ဝေးလ်၊ မြောက်အိုင်ယာလန်နိုင်ငံ ရဲတပ်ဖွဲ့တွေရဲ့ မှတ်တမ်းအရ အလစ်သုတ်မှု ၃၃၀၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လနဲ့ယှဉ်ရင် ၃၀.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာပါ။

Ref: Steak, coffee and cheese locked up as shoplifting rises

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top