မန်ဟတ်တန်ရပ်ကွက်တစ်ခုစာ ကျယ်ဝန်းတဲ့ စင်တာတစ်ခုအပါအဝင် အမေရိကန်နိုင်ငံတစ်ဝန်းမှာ ဉာဏ်ရည်တုဒေတာစင်တာ အများအပြား တည်ဆောက်ဖို့ ဒေါ်လာဘီလျံရာချီ သုံးစွဲသွားမယ်လို့ Meta တည်ထောင်သူ မက်ခ်ဇူကာဘတ်က ပြောပါတယ်။
ပရိုမီးသီးယက် (Prometheus) လို့ အမည်ပေးထားတဲ့ ဒေတာစင်တာကို အိုဟိုင်းယိုးပြည်နယ်၊ နယူးအယ်ဘာနီမြို့မှာ တည်ဆောက်သွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ အွန်လိုင်းပေါ် ရောက်လာဖို့ ခန့်မှန်းထားပါတယ်။
ကြော်ငြာဝင်ငွေ အများအပြား ရရှိနေတဲ့ Meta ကုမ္ပဏီဟာ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၁၆၀ ကျော် ရရှိခဲ့ပါတာပါ။
Meta ကုမ္ပဏီဟာ ကမ္ဘာပေါ်က ဉာဏ်ရည်အထက်ဆုံးလူသားထက် ပိုမိုသာလွန်တဲ့ စူပါဉာဏ်ရည်တုနည်းပညာနဲ့ ဉာဏ်ရည်တုဒေတာစင်တာတွေ တည်ဆောက်သွားဖို့ ဒေါ်လာ ဘီလျံရာနဲ့ချီ အသုံးပြုသွားမှာဖြစ်ပြီး ဒေတာစင်တာတစ်ခုကတော့ ၂၂.၈ စတုရန်းမိုင်နီးပါး ကျယ်ဝန်းမယ်လို့ ဇူကာဘတ်က ဆိုပါတယ်။
ဇူကာဘတ်က အခုလို ကြေညာခဲ့ပြီးနောက်မှာတော့ Meta ရဲ့ ရှယ်ယာတန်ဖိုးက ၁ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။ ဒီနှစ်တွင်းမှာ Meta ရဲ့ စတော့ရှယ်ယာတန်ဖိုး မြင့်တက်မှုက ၂၀ ရာခိုင်နှုန်းကျော်အထိ ရှိလာပါပြီ။
Ref: Meta to spend hundreds of billions to build AI data centres
NZ ( ရိုးရာလေး)

