လန်ဒန်မှာ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ဆယ်စုနှစ် ၂ ခု ကြာ ကိုမာဖြစ်နေခဲ့တဲ့ ဆော်ဒီအာရေးဗီးယားရဲ့ မင်းသား အယ် ဝယ်လီတ် ဘင် ခါလစ် အယ်လ်ဆောဒ်ဟာ သေဆုံးသွားခဲ့ပါပြီ။ သူ သေဆုံးချိန်မှာ အသက် ၃၆ နှစ်ရှိပါပြီ။ သားအကြီးဆုံးဖြစ်တဲ့ ဆော်ဒီမင်းသား သေဆုံးသွားပြီဆိုတာကို မင်းသား အယ် ဝယ်လီတ် ဘင် တာလ်လယ်က အတည်ပြုပေးခဲ့တာပါ။
“အိပ်ပျော်နေသောမင်းသားလေး” လို့ လူသိများတဲ့ ဆော်ဒီမင်းသားဟာ အသက် ၁၅ နှစ်အရွယ် ၂၀၀၅ ခုနှစ်မှာ ယာဉ်မတော်တဆမှုကြောင့် ဦးနှောက်အတွင်းသွေးယိုစီးမှုကို ခံစားခဲ့ရတာပါ။ ဆေးရုံမှာ အသက်ကယ်စက်နဲ့ ရှိနေခဲ့ရတာပါ။ သတိတော့ လုံးဝပြန်မရခဲ့ပါဘူး။
ဆော်ဒီမင်းသားဟာ လန်ဒန်မှာ စစ်တက္ကသိုလ်တက်ရောက်သင်ကြားနေတဲ့အချိန်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာပါ။ ယာဉ်တိုက်မှုဖြစ်ပြီးတဲ့နောက်မှာ King Abdulaziz Medical City မှာ ဆေးကုသမှုခံယူနေခဲ့ရပါတယ်။ အဲ့ဒီကတည်းက ကိုမာဖြစ်နေခဲ့ရတာပါ။ ဖခင်ဖြစ်သူကတော့ သူ့သားအပြည့်အဝပြန်လည်ကောင်းမွန်လာမယ်လို့ပဲ မျှော်လင့်နေခဲ့တာပါ။ သူ့သားကို ပြုစုစောင့်ရှောက်ပေးနေခဲ့ပြီး အသက်ကယ်စက်ဖြုတ်ပစ်ဖို့ကိုလည်း ငြင်းဆန်ခဲ့တဲ့သူပါ။
အခု ဆော်ဒီမင်းသား သေဆုံးပြီဆိုတာကို အတည်ပြုပြီးတဲ့နောက်မှာ “Sleeping Prince” ဆိုတဲ့ hashtag က လူမှုကွန်ယက်ပေါ်မှာ ခေတ်စားလို့နေပါတယ်။ ဆော်ဒီမင်းသားအတွက် ဈာပနဆုတောင်းပွဲကိုတော့ ရီယာ့ဒ်မြို့ ရှိ Imam Turki bin Abdullah Mosque မှာ ဇူလိုင် ၂၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။
Ref: ‘Sleeping Prince’ of Saudi Arabia dead at 36 after 20-year coma
WL ( ရိုးရာလေး)

