သြစတြေးလျမှာ တစ်ရက် သုံးနာရီကြာ စွမ်းအင် အခမဲ့ အသုံးပြုခွင့်ရမည်

solar.jpg

သြစတြေးလျနိုင်ငံမှာ Solar Sharer Offer အစီအစဉ်အရ နယူးဆောက်ဝေး၊ တောင်ပိုင်းသြစတြေးလျနဲ့ ကွင်းစ်လန်းပြည်နယ်တွေမှ စမတ်မီတာ တပ်ထားတဲ့အိမ်တွေဟာ တစ်ရက်ကို သုံးနာရီကြာ စွမ်းအင် အခမဲ့ အသုံးပြုခွင့် ရရှိမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ နေရောင်ခြည်ကောင်းကောင်းရတာကြောင့် ဆိုလာတပ်ဆင်သူ များပြားလာပြီး ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ဆိုလာတပ်ဆင်မှု ၁၀၂,၂၃၄ ခုအထိ စံချိန်တင်ခဲ့ပါတယ်။

ဒါပေမဲ့ Solar Sharer Offer အစီအစဉ်ဟာ ဆိုလာ တပ်ဆင်မထားသူတွေနဲ့ အိမ်ငှားနေသူတွေအတွက်လည်း အကျုံးဝင်မှာဖြစ်ပါတယ်။ နယူးဆောက်ဝေး၊ ကွင်းစ်လန်း၊ ဗစ်တိုးရီးယားပြည်နယ်တွေမှာ နေ့စဉ် နံနက် ၁၁ နာရီကနေ မွန်းလွဲ ၂ နာရီအထိ၊ တောင်ပိုင်းသြစတြေးလျပြည်နယ်မှာ မွန်းတည့် ၁၂ နာရီကနေ မွန်းလွဲ ၃ နာရီအထိ အချိန် ၃ နာရီကြာ စွမ်းအင် အခမဲ့ အသုံးပြုခွင့် ရရှိမှာပါ။

စွမ်းအင် အခမဲ့အသုံးပြုခွင့်ပေးပေမဲ့ အကန့်အသတ်မရှိ အသုံးပြုနိုင်တာမျိုးမဟုတ်ဘဲ တနေ့တာအတွက် ၂၄ ကီလိုဝပ်အထိ အခမဲ့ အသုံးပြုခွင့် ရရှိမှာဖြစ်ပြီး ကျော်လွန်အသုံးပြုတဲ့ပမာဏကိုတော့ မီတာခပေးဆောင်ရမှာ ဖြစ်ပါတယ်။

Ref: Many Australians can get three free hours of power.

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top