ဝီလျံမင်းသားနဲ့ ကြင်ရာတော်ကိတ်ကို မြင်ပြီး ဝမ်းသာအားရဖြစ်သွားခဲ့တဲ့ ကလေးငယ်လေး

28.9-2022-yyl-image-04.jpg

ဝီလျံမင်းသားနဲ့ ကြင်ရာတော်ကိတ်ကို မြင်ပြီး ဝမ်းသာအားရဖြစ်သွားခဲ့တဲ့ ကလေးငယ်လေး

ဝီလျံမင်းသားနဲ့ကြင်ရာတော်ကိတ်တို့က ဝေလမင်းသား၊ မင်းသမီးဘွဲ့သစ်ကို ရယူပြီးနောက် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဝေလနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် အလည်အပတ်လာရောက်ခဲ့ပါတယ်။ ခရီးစဉ်အတွင်း ချစ်စရာကောင်းတဲ့ကလေးငယ်လေးတစ်ယောက်က သူတို့ကိုမြင်ပြီး ဝမ်းသာအားရဖြစ်သွားခဲ့ပါတယ်။ အဲဒီကလေးလေးက အသက် (၄) နှစ်အရွယ် သီအို ခရွန်တန်ပါ။

ဝီလျံမင်းသားနဲ့ ကြင်ရာတော်ကိတ်ကို မြင်ပြီး ဝမ်းသာအားရဖြစ်သွားခဲ့တဲ့ ကလေးငယ်လေး

ဝေလမင်းသား ဝီလျံနဲ့ ဝေလမင်းသမီး ကိတ်တို့က RNLI Station ကို အလည်အပတ်လာစဉ် သီအို ခရစ်တန်လေးက သူတို့ကို ပန်းစည်းလေးပေးခဲ့ပါတယ်။ သူတို့က ဆောင့်ကြောင်ထိုင်ချလိုက်ပြီး သီအိုကို နှုတ်ဆက်စကားဆိုခဲ့ပါတယ်။ Holyhead မြို့လေးက ဒေသခံတွေ၊ ဝန်ထမ်းတွေနဲ့ မတွေ့ဆုံခင် သီအိုက ဝီလျံမင်းသားတို့နဲ့ အရင်ဆုံးတွေ့ဆုံစကားပြောခွင့်ရခဲ့တာပါ။

ဝီလျံမင်းသားနဲ့ ကြင်ရာတော်ကိတ်ကို မြင်ပြီး ဝမ်းသာအားရဖြစ်သွားခဲ့တဲ့ ကလေးငယ်လေး

ဝီလျံမင်းသားနဲ့ ကိတ်တို့က ဝေလနိုင်ငံမြောက်ပိုင်းကိုလည်း အလည်အပတ်သွားခဲ့ပြီး အဲဒီနောက် ဝေလနိုင်ငံအနောက်တောင်ပိုင်းက Swansea ကမ်းရိုးတန်းမြို့ကို သွားရောက်ခဲ့ပါတယ်။ သူတို့က တစ်နေ့ကုန် နိုင်ငံအနှံ့ပတ်ခဲ့ကြတာပါ။

ဝီလျံမင်းသားနဲ့ ကြင်ရာတော်ကိတ်ကို မြင်ပြီး ဝမ်းသာအားရဖြစ်သွားခဲ့တဲ့ ကလေးငယ်လေး

သူတို့က ဝေလမင်းသား၊ ဝေလမင်းသမီးအနေနဲ့ ဝေလနိုင်ငံကပြည်သူပြည်သားတွေနဲ့ တွေ့ဆုံဖို့အတွက် အလည်အပတ်လာဖို့ ကတိပြုထားခဲ့တာပါ။ ဘုရင်မကြီးသေဆုံးပြီးနောက် ရက်အနည်းငယ်အကြာမှာ ဝီလျံက ဝေလနိုင်ငံရဲ့ဝန်ကြီး မက်ခ် ဒရိတ်ဖို့ဒ်နဲ့ ဖုန်းကနေတဆင့် စကးပြောခဲ့ရပါတယ်။

ဝီလျံမင်းသားနဲ့ ကြင်ရာတော်ကိတ်ကို မြင်ပြီး ဝမ်းသာအားရဖြစ်သွားခဲ့တဲ့ ကလေးငယ်လေး

ဝီလျံမင်းသားနဲ့ ကိတ်တို့က ဝေလမင်းသား၊မင်းသမီးမဖြစ်ခင် ဝေလနိုင်ငံက ပလက်တီနမ်ရတုဖျော်ဖြေပွဲအတွက် အစမ်းလေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ Cardiff Castle ကို ဇွန်လက နောက်ဆုံးအကြိမ်လာရောက်ခဲ့ပါတယ်။ ဝီလျံက ရာထူးအသစ်ကို တရားဝင်လက်ခံဖို့အတွက် အခမ်းအနားကျင်းပဖို့ အစီအစဉ်မရှိကြောင်း သတင်းထွက်ပေါ်လာပြီးတဲ့နောက် စက်တင်ဘာ ၂၇ ရက်နေ့မှာ တရားဝင်လာရောက်လည်ပတ်ခဲ့တာပါ။

Ref: TheMirror “Boy, 4, overcome with joy as he meets Kate Middleton and Prince William”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top