ရင်းနှီးတဲ့သူငယ်ချင်းမိတ်ဆွေဖြစ်လည်းပဲ သူတို့ရဲ့အသုဘအခမ်းအနားကို ဂျက်လီ မတက်ဖြစ်ရတဲ့ အကြောင်းအရင်း

jl1.jpg

ကိုယ်ခံပညာအကျာ်အမော်မင်းသားကြီး ဂျက်လီကို ဖန်သားပြင်ထက်မှာ မမြင်တွေ့ရတာ ကြာလှပါပြီ။ အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ဂျက်လီက ဇာတ်ကားရိုက်ကူးတာထက် ဘာသာရေးအပေါ် အာရုံစိုက်ဖြစ်နေတာပါ။ သူဟာ ၁၉၉၈ ခုနှစ်က တိဗက်ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့တာပါ။

သူ့ရဲ့ဘာသာရေးလိုက်စားမှုက သူ့ကို အသုဘအခမ်းအနားတွေတက်ရောက်တာကနေ ရပ်တန့်စေခဲ့တယ်လို့ မကြာသေးခင်ကမှ တရုတ်နေ့စဉ်သတင်းစာနဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ ဂျက်လီက ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်လည်းပဲ အသုဘအခမ်းအနားကို မတက်ဖြစ်တာပါ။

ဂျက်လီက “တချို့က ကျွန်တော်ဟာ အကြင်နာတရားမဲ့တယ်၊ သွေးအေးတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အစ်ကို… အရင်က ဘယ်သူကရော တစ်စုံတစ်ယောက်ကို မဆုံးရှုံးဘူးလို့လဲလို့ အမြဲဖြေဖြစ်ပါတယ်”လို့ ဆိုပါတယ်။

သူငယ်ချင်းတွေ၊ ရွယ်တူတွေ၊ တွဲဖက်သရုပ်ဆောင်တွေ သေဆုံးသွားတဲ့အပေါ် အကြီးအကျယ်နောင်တရဖူးလားလို့ မေးမြန်းတော့ “ဘာလို့ ကျွန်တော် နောင်တရရမှာလဲ”လို့ ပြန်ဖြေပါတယ်။ ဝမ်းနည်းပူဆွေးမှုကို မမျှော်လင့်ဘဲ ဆုံးရှုံးလိုက်ရခြင်းမှာ ပိတ်မိနေဆဲ လူတွေ မကြာခဏ ခံစားရတာပါ။ အဲ့ဒီလူအဖွဲ့အစည်းရဲ့သေခြင်းတရားအပေါ်ခံယူချက်က ရုပ်ရှင်နဲ့ ရုပ်သံတွေမှာ ကြီးမားစွာ သရုပ်ဖော်ထားကြတာလို့ ဂျက်လီက ပြောထားပါတယ်။

သူ့ရဲ့အသက် ၂၂ နှစ်အရွယ် အငယ်ဆုံးသမီး ဂျာဒါက သူ့ကို ဘဝနဲ့ပတ်သက်ပြီး အမြင်သစ်တွေ ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ဂျာဒါက အသက် ၁၉ နှစ်အရွယ်မှာ စိတ်ကျရောဂါခံစားခဲ့ရပြီး သတ်သေချင်စိတ်တွေဖြစ်ခဲ့တယ်။ အခုတော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး မေလကမှ Barnard College ကနေ ဘွဲ့ရခဲ့ပါတယ်။ သူ့သမီးရဲ့အဲ့ဒီအတွေ့အကြုံက သူတို့သားအဖကြား ဘဝ၊ သေဆုံးခြင်းစတဲ့ အကြောင်းအရာတော်တော်များများနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးဖြစ်စေခဲ့တာပါ။

ဂျက်လီက “လူတိုင်း ရင်ဆိုင်ရမယ့် အရာဖြစ်တဲ့အတွက် ကျွန်တော်တို့ အချင်းချင်း ပွင့်ပွင့်လင်းလင်းရှိရမယ်။ မင်း အသက်ရှင်နေစဉ်အတွင်း ရိုးသားစွာပြောပါ။ မင်း စိတ်ထဲရှိတဲ့အရာကို ပြောပါ၊ ဒါမှ နောင်တရစရာမရှိမှာ။ အမှန်တရားကတော့ ငါတို့ မွေးဖွားလာခဲ့တဲ့အချိန် သေခြင်းတရားကို သတ်မှတ်ထားပြီးသားဆိုတာပါပဲ”လို့ ပြောသွားခဲ့ပါတယ်။

Ref: This Is Why Jet Li Never Attends Funerals, Even Those Of Close Friends And Family

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top