လူကို အသက်အန္တရာယ်ဖြစ်စေခဲ့တဲ့ တိရစ္ဆာန်များ

iStock-185247994.jpg

သဘာဝဆိုတာ အဆုံးမရှိ စွဲမက်ဖွယ် လှပတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ကို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေ အများကြီး ရှိနေပြန်တာမို့ အရမ်းကြောက်ဖို့ကောင်းပါတယ်။ လေဆင်နှာမောင်း၊ ဟာရီကိန်း၊ တောမီး၊ ငလျင်တွေနဲ့ မီးတောင်ပေါက်ကွဲမှုတွေကို စိုးရိမ်ရရုံသာမက ရက်စက်ကြမ်းကြုတ်တဲ့ သားကောင်တွေဖြစ်တဲ့ ခြင်္သေ့၊ ကျားတွေနဲ့ ဝက်ဝံ စတာတွေလည်း ရှိပါသေးတယ်။

ဒီလို တောကောင်တွေက အန္တရာယ်ပြုမှုကြောင့် လူတွေ ကိုယ်လက်အင်္ဂါချို့တဲ့သွားခဲ့ရတဲ့ အဖြစ်အပျက်တွေ ရှိဖူးပါတယ်။ အခုပြောပြမှာက တိရစ္ဆာန်တွေကို သနား ဂရုဏာသက်မိလို့ ဒုက္ခ ကြုံတွေခဲ့ရဖူးတဲ့သူတွေ အကြောင်းဖြစ်ပါတယ်။

၁။ ကြက်တစ်ကောင်က ဓားနဲ့ထိုးတာ ခံခဲ့ရတဲ့ တိရစ္ဆာန်လေ့ကျင့်ရေးသမား

၂၀၁၁ ခုနှစ်မှာ Jose Luis Ochoa (ဂျိုးစ်လူးစ်အိုချိုးဝါး) ဟာ ကယ်လီဖိုးနီးယား၊ Lamont (လာမွန်တ်) မှာ ကြက်တိုက်ပွဲကြည့်နေတာ ဖြစ်ပါတယ်။ ရဲတွေရောက်လာတဲ့အခါ ပွဲကြည့်ပရိသတ်တွေနဲ့ တိရစ္ဆာန်တွေ ပြေးလွှားပြီး ကမောက်ကမဖြစ်သွားခဲ့ပါတယ်။ အဲဒီ မငြိမ်မသက်တဲ့ကြားထဲက ခြေထောက်မှာ ဓားတွဲချည်ထားတဲ့ ကြက်တစ်ကောင်က အိုချိုးဝါးရဲ့ ညာဘက်ညို့သကျည်းကို ဓားနဲ့ထိုးခဲ့ပါတယ်။ သူဟာဆေးရုံမှာ နှစ်နာရီကြာပြီးနောက် သေဆုံးခဲ့ပါတယ်။ အိုချိုးဝါးဟာ အရင်က တိုက်ခိုက်ရေးတိရစ္ဆာန်တစ်ကောင်ကို လေ့ကျင့်ပေးဖူးပါတယ်။

၂။ ဟမ်းစတားတစ်ကောင် အကိုက်ခံရတဲ့ တရုတ်မိန်းကလေး

၂၀၁၃ ခုနှစ်ရဲ့ ညတစ်ညမှာ မအွန်ရှန်းမြို့မှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ သူ့ရဲ့အိမ်မွေးတိရစ္ဆာန် ဟမ်းစတားလေးနဲ့ ကစားနေတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့လက်ချောင်းလေးကို ဟမ်းစတားလေးက ကိုက်သွားတာ ဖြစ်ပါတယ်။ မိဘတွေက သူ့ရဲ့ဒဏ်ရာကို ဆေးကြောပေးပြီးတဲ့နောက် ရေချိုးခန်းထဲမှာ ကြွက်တက်လာပြီး တစ်နာရီအတွင်းမှာပဲ သေဆုံးသွားတာ ဖြစ်ပါတယ်။ သူဘာလို့ ဒီလောက်မြန်မြန် သေသွားရသလဲဆိုတာ ကောက်ချက်မချနိုင်ခဲ့ပါဘူး။ ကျွမ်းကျင်သူတွေကတော့ သူမဟာ ဒီလိုအကိုက်ခံရတာကို အလက်ဂျစ်ရှိတာ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

၃။ သစ်ကုလားအုတ် ကန်တာ ခံလိုက်ရတဲ့ တောင်အာဖရိက အမျိုးသမီး

၂၀၁၀ မှာ မူစီနားပြည်နယ်အနီးမှာ Merike Engelbrecht (မာရိုက်ခ် အိန်ဂျဲလ်ဘရ်ခ်ျ) လို့ အမည်ရတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ခွေးတွေနဲ့ လမ်းလျှောက်နေတာ ဖြစ်ပါတယ်။ အဲဒီအချိန် ခွေးတစ်ကောင်ဟာ သစ်ကုလားအုတ် အုပ်စုထဲကို ထွက်ပြေးပါတော့တယ်။ သူမဟာ သူမရဲ့ခွေးကို ပြန်ခေါ်ဖို့ ကြိုးစားတဲ့အခါ ကြောက်လန့်နေတဲ့ သစ်ကုလားအုတ်တစ်ကောင်က သူရဲ့ခြေသလုံးကို ကာကွယ်ဖို့ ကြိုးစားရင်း သူမရဲ့လည်ပင်းကို ကန်မိပါတော့တယ်။ သူမဟာ ဒီဒဏ်ရာကြောင့်ပဲ နေရာမှာတင် သေဆုံးသွားခဲ့ရပါတယ်။

၄။ ဖျံတစ်ကောင်က တိုက်ခိုက်လိုက်တဲ့ ဘီလာရပ်စ်ငါးဖမ်းသမား

အသက် ၆၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘီလာရပ်စ်ငါးဖမ်းသမားဟာ သူ့သူငယ်ချင်းတွေနဲ့ ရေကန်တစ်ကန်ဆီကို ကားမောင်းလာခဲ့ပါတယ်။ သူက လမ်းဘေးမှာရှိနေတဲ့ ဖျံတစ်ကောင်ကို သတိပြုမိလိုက်ပါတယ်။ သူက ကားကိုရပ်လိုက်ပြီးတော့ ဖျံနားကို ချဉ်းကပ်သွားပါတယ်။ ပြီးတော့ ဖျံကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားပါတော့တယ်။ ဖျံက ကြောက်ရွံ့ပြီး သူ့ကို တိုက်ခိုက်ပါတော့တယ်။ သူ့ခြေထောက်ကိုလည်း အကြိမ်ပေါင်းများစွာ ကိုက်ခဲ့ပြီး ကိုက်ရာတွေထဲက တစ်ခုက သူ့ခြေထောက်ရဲ့ သွေးလွှတ်ကြောကို ပြတ်တောက်သွားစေခဲ့ပါတယ်။ သူ့သူငယ်ချင်းတွေ ဘာမှမလုပ်ပေးနိုင်ခင်မှာပဲ သူဟာ သွေးထွက်လွန်ပြီး သေဆုံးသွားပါတော့တယ်။

၅။ နွားကန်ခံရတဲ့ ဂျော်ဂျီယန်လယ်သမား

၂၀၁၇ မှာ အသက် ၇၂ နှစ်အရွယ် William Parris (ဝီလီယမ်ပါရစ်) ဟာ နွားတစ်ကောင်ကို ရွှေ့ဖို့ကြိုးစားခဲ့ပါတယ်။ နွားက သူ့ကို ခြံစည်းရိုးကို ကျော်တဲ့အထိတွန်းပြီး သူ့ရင်ဘတ်ကို ကန်လိုက်ပါတယ်။ ပါရစ်ဟာ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် အရေးပေါ်ခန်းမှာ သေဆုံးခဲ့ရပါတယ်။

Ref: www.listverse.com “10 People Killed By Animals You Wouldn’t Expect

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top