ကမ္ဘာ့အဆိပ်အပြင်းဆုံးမြွေ

snake.jpg

Inland Taipan in strike position

အင်လန်းတိုင်ပန် ( Inland Taipan) မြွေကို ကမ္ဘာ့အဆိပ်အပြင်းဆုံးမြွေအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီမြွေ တစ်ချက်ကိုက်လိုက်ရင် ထွက်လာတဲ့ အဆိပ်ပမာဏဟာ အနည်းဆုံး အရွယ်ရောက်ပြီးသူ ၁၀၀ လောက်ကို သေဆုံးစေနိုင်ခြေ ရှိပြီး ကုသမှုမလုပ်ရင် မိနစ် ၃၀ ကနေ ၄၅ မိနစ်ကြား သေဆုံးစေနိုင်တယ်လို့ Reptile Knowledge ကဏ္ဍမှာ ဖော်ပြထားပါတယ်။

အင်လန်းတိုင်ပန်မြွေရဲ့ အဆိပ်ထဲမှာ neurotoxins ၊ hemotoxins နဲ့ myotoxins တွေ ပါဝင်ပြီး အာရုံကြောစနစ်၊ သွေးကြောနဲ့ ကြွက်သားတွေကို ဆက်တိုက် တိုက်ခိုက်ဖျက်ဆီးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အင်လန်းတိုင်ပန်မြွေဟာ လူကြောက်တတ်ပြီး သြစတြေးလျနိုင်ငံအလယ်ပိုင်း ဝေးလံခေါင်သီတဲ့ဒေသတွေမှာပဲ တွေ့ရလေ့ရှိပါတယ်။ သူ့ကို မထိဘဲနဲ့လည်း ကိုက်လေ့မရှိပါဘူး။

အင်လန်းတိုင်ပန်မြွေက အဆိပ်ပြင်းလွန်းပေမဲ့ ဒီမြွေ အကိုက်ခံရလို့ သေဆုံးသူတော့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေနဲ့ ထိတွေ့မှု မရှိသလောက် နည်းသလို မြွေကိုက်ခံရသူတွေကိုလည်း အချိန်မီ မြွေဆိပ်ဖြေဆေး ထိုးပေးနိုင်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

Ref: Inland taipan

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top