ပါဝင်ပစ္စည်း(၃) မျိုးတည်းနဲ့ လက်သန့်ဆေးရည် ပြုလုပ်နည်း

6-3-2020-yyl-005.jpg

ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ နိုင်ငံအနှံ့အပြားမှာ ပျံ့နှံ့နေတဲ့အတွက် လူတွေက Mask တွေနဲ့ လက်သန့်ဆေးရည်တွေဝယ်ယူပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်နေကြရပါတယ်။ ဒါပေမဲ့ ဆေးဆိုင်တော်တော်များများမှာ Mask နဲ့ လက်သန့်ဆေးရည်တွေက ပစ္စည်းပြတ်လပ်မှုတွေရှိနေပါတယ်။ ဆိုင်တွေမှာ လက်သန့်ဆေးရည် ဝယ်လို့မရဘူးဆိုရင် လက်သန့်ဆေးရည်ကို အိမ်မှာ သင့်ကိုယ်တိုင်ပြုလုပ်လို့ရပါတယ်။ လက်သန့်ဆေးရည်ပြုလုပ်ဖို့ဆိုရင် ဆေးဆိုင်တွေနဲ့ စတိုးဆိုင်တွေမှာ အလွယ်တကူရရှိနိုင်တဲ့ ပစ္စည်းတချို့သာ လိုအပ်ပါတယ်။

ရောဂါပိုးမွှားကို သတ်ဖို့အတွက် အသုံးပြုလို့ရတဲ့ လက်သန့်ဆေးရည်အမျိုးအစား

ကျွန်တော်တို့တွေက အယ်လ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့်ဆေးရည်အသုံးပြုသင့်တယ်လို့ the Center for Disease Control and Prevention အရ သိရပါတယ်။ အခုပြုလုပ်မဲ့လက်သန့်ဆေးရည်က အယ်လ်ကိုဟောပါဝင်မှု ၆၀ ရာခိုင်နှုန်းကျော်တဲ့ လက်သန့်ဆေးရည်ဖြစ်ပါတယ်။
လိုအပ်တဲ့အရာတွေက

– အိုင်ဆိုပရိုပိုင်းလ် အရက်ပြန် ၉၁ ရာခိုင်နှုန်း ( ခွက်ရဲ့သုံးပုံနှစ်ပုံ)၊ ရှားစောင်းလက်ပက်ဂျယ်လ် (ခွက်ရဲ့ သုံးပုံတစ်ပုံ) (လက်သန့်ဆေးရည်မှာ အယ်လ်ကိုဟောပါဝင်မှုများချင်ရင် ရှားစောင်းလက်ပက်ဂျယ်လ်ကို လျော့ချပေးလို့ရပါတယ်)

– မိမိကြိုက်နှစ်သက်ရာ မရှိမဖြစ်ဆီ

– အလတ်စားပန်းကန်လုံး

– ဇွန်းတစ်ချောင်း

– လက်သန့်ဆေးရည်ထည့်ဖို့ ဗူးအလွတ်တစ်ဗူး

အိမ်မှာ လက်သန့်ဆေးရည်ကို ဘယ်လိုလုပ်မလဲ

ပန်းကန်လုံးထဲကို အိုင်ဆိုပရိုပိုင်းလ် အရက်ပြန်နဲ့ ရှားစောင်းလက်ပက်ဂျယ်လ်တို့ကို နှံ့စပ်သွားတဲ့အထိ ရောနှောလိုက်ပါ။ အဲဒီနောက် အနံ့မွှေးအောင် အရောအနှောထဲကို မရှိမဖြစ်ဆီ ၈ စက် (ဒါမှမဟုတ်) ၁၀ စက်ထည့်လိုက်ပါ။ ဗူးအလွတ်ထဲကို ဒီအရောအနှောကို ထည့်ပြီးသွားရင်တော့ အသုံးပြုလို့ရတဲ့ လက်သန့်ဆေးရည်ရရှိသွားပါပြီ။ အခြားဗူးတွေနဲ့ မမှားအောင် တိပ်ကပ်ပြီး စာရေးထားလို့ရပါတယ်။

ဆပ်ပြာ၊ ရေတို့နဲ့ လက်ကို အနည်းဆုံး (၂၀) စက္ကန့် သေချာသန့်စင်ဆေးကြောပေးတာက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းပါပဲ။ လက်သန့်ဆေးရည်အသုံးပြုတာက ဒုတိယရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

Ref: Coronavirus Prevention: Make hand sanitizer at home using these three ingredients

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top