ဖိလစ်ပိုင်ကမ်းခြေကို ဒေါ်လာသန်းချီတန်တဲ့ အုတ်ခဲပုံစံ ကိုကင်းထုပ်တွေ မျောလာ

66272454_2475126862518219_8938198625150828544_n.jpg

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကူဇွန်ပြည်နယ် ကမ်းခြေအနီးကို အုတ်ခဲပုံစံ ကိုကင်း (၇) ထုပ် မျောလာခဲ့ပါတယ်။ ကူဇွန်ပြည်နယ် မော်ဘန်ဒေသကို ပျော်ပွဲစားထွက်တဲ့ မိသားစုက ကမ်းခြေအနီးမှာ ပေါလောပေါ်နေတဲ့ ကိုကင်းထုပ်တွေ တွေ့ရှိခဲ့တာပါ။ သူတို့က အဲဒီအထုပ်တွေကို ကောက်ယူပြီး ဖွင့်ကြည့်ချိန်မှာ ကိုကင်းထုပ်ဖြစ်နိုင်တယ်လို့ တွေးမိပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပါတယ်။

တိတ်ပတ်ထားပြီး အားဖြည့်အချိုရည်အမှတ်တံဆိပ် ကပ်ထားတဲ့ အထုပ်တွေထဲမှာ အဖြူရောင်အမှုန့်တွေ တွေ့ရပါတယ်။ အခုအချိန်အထိတော့ အဲဒီအမှုန့်တွေကို စမ်းသပ်နေဆဲပါ။ ကိုကင်းဖြစ်တာ သေချာရင်တော့ ဖိလစ်ပိုင်နိုင်ငံသုံး ပီဆိုငွေ (၃၅) သန်း (အမေရိကန်ဒေါ်လာ ၆၈၂၀၀၀)တန်ကြေးရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့မေလကလည်း ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ (၄) သန်းကျော်ရှိသည့် အုတ်ခဲပုံစံ ကိုကင်း (၃၉) တုံးကို တံငါသည်တွေ တွေ့ရှိခဲ့ပါသေးတယ်။ အဲဒီကိုကင်းထုပ်တွေကို ကိုကင်းဝယ်လိုအား မြင့်မားတဲ့ သြစတြေးလျနိုင်ငံထံ မျှောလိုက်တာ ဖြစ်လောက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top