Lenovo ကုမ္ပဏီ အမှုဆောင်ချုပ် ယန်ယွမ်ချင်းဟာ ၂၀၁၂ ခုနှစ်က ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃ သန်း ရရှိခဲ့ပြီး ရရှိလာတဲ့ ဆုကြေးတွေကို ကုမ္ပဏီရဲ့ အောက်ခြေဝန်ထမ်း ၁၀၀၀၀ ကို ပြန်လည်ခွဲဝေပေးခဲ့ပါတယ်။ စက်ရုံတွေမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေနဲ့ ဧည့်ကြိုဝန်ထမ်းတွေအပါအဝင် ဝန်ထမ်းအများစုဟာ တစ်လဝင်ငွေနဲ့ ညီမျှတဲ့ ဒေါ်လာ ၃၁၄ ဒေါ်လာအထိ လက်ဆောင်ရရှိခဲ့ပါတယ်။ ဝန်ထမ်းအများစုအတွက်တော့ ဒီပမာဏဟာ တစ်လစာ လုပ်ခလစာလောက် ရှိပါတယ်။
၂၀၁၃ ခုနှစ်မှာ Lenovo ကုမ္ပဏီ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီး ငွေကြေးအမျိုးအမြတ် မြင့်တက်ခဲ့လို့ ဆုကြေးငွေ ထပ်ရချိန်မှာလည်း ယန်ယွမ်ချင်းက အောက်ခြေဝန်ထမ်းတွေကို ထပ်မံ ခွဲဝေပေးခဲ့ပြန်ပါတယ်။ ဒါဟာ နည်းပညာလောကမှာတော့ ထူးခြားတဲ့လုပ်ရပ်တစ်ခုပါပဲ။ ကြီးမားတဲ့ ကော်ပိုရေးရှင်းတွေမှာ စုပေါင်းညီညာမှုကြောင့် အောင်မြင်မှုရတယ်ဆိုတာကို မီးမောင်းထိုးပြတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။
Ref: CEO gives part of his bonus to employees
NZ ( ရိုးရာလေး)

