ကွန်ဒိုမီးလောင်မှုကနေ ကြောင်လေးကို ကယ်တင်ပြီး CPRနည်းနဲ့အသက်ကယ်ပေးခဲ့တဲ့ ပစ္စည်းပို့သမား

တတတ.png

ဘန်ကောက်မြိုက Grab ပစ္စည်းပိုဆောင်ရေးသမားတစ်ဦးဟာ ကွန်ဒိုတစ်ခုမီးလောင်မှုကနေ ကြောင်လေးရဲ့အသက်ကို ကယ်တင်ပေးခဲ့လို လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီအမျိုးသားက ဘာတုံပြန်မှုမှမရှိဖြစ်နေတဲ့ ကြောင်လေးကို သယ်ပြီး လှေကားပေါ်ကနေ ပြေးဆင်းသွားခဲ့ပါတယ်။ ကွန်ဒိုအောက်ရောက်တော့ ကြောင်လေးရဲ့နှလုံးပြန်ခုန်လာဖို  ရင်ခေါင်းဖိနှိပ်နှလုံးနှိးဆွခြင်း (CPR)  အရေးပေါ်ကုသနည်းကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီသတင်းကို ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ 

လူမှုကွန်ယက်ပေါ် မျှဝေခဲ့တဲ့ ဗီဒီယိုမှာ ဇူလိုင် ၂၁ ရက်နေ့က ဘန်ကောက်မြို၊ နန်သဘူရီနယ်မြေက ကွန်ဒိုရဲ့ဒုတိယထပ်မှာ မီးလောင်ခဲ့ပါတယ်။ အခန်းပိုင်ရှင်က အလုပ်ကိစ္စနဲ့ အပြင်ရောက်နေခဲ့ပုံရပါတယ်။ ပစ္စည်းပိုသမားက အခန်းထဲဝင်ရောက်ပြီးတော့ ကြောင်လေးကို ကယ်တင်ခဲ့ပါတယ်။ သူနဲ့အတူ မီးသတ်သမားတွေလည်းရှိနေခဲ့ပြီး ကွန်ဒိုအောက်က ကားပါကင်အလွတ်မှာ ပစ္စည်းပိုသမားက ကြောင်လေးကို CPR နည်းနဲ့ နှလုံးပြန်ခုန်အောင်လုပ်ပေးခဲ့ပါတယ်။ ခဏကြာတော့ နှလုံးခုန်လာခဲ့ပါတယ်။  မီးသတ်သမားတွေကလည်း ကြောင်လေးအတွက် အောက်စီဂျင်နဲ့အသက်ရှူကိရိယာယူဆောင်ပေးခဲ့ပါတယ်။ နောက်တော့ ပစ္စည်းပိုသမားက ကြောင်လေးကို တိရစ္ဆာန်ဆေးကုခန်းပိုဆောင်ဖို မီးသတ်သမားနောက်ကနေ လိုက်သွားတာတွေ့ရပါတယ်။ 

အဲ့ဒီပစ္စည်းပိုသမားလိုယူဆရတဲ့ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက ဗီဒီယိုတွေထဲက တစ်ခုမှာ “ကျွန်တော် ပစ္စည်းပိုသမားပါ။ ကြောင်လေးက ဆရာဝန်ဆီရောက်သွားပြီး ဘေးကင်းသွားပါပြီ”လို မှတ်ချက်ပေးထားပါတယ်။ ပစ္စည်းပိုသမားက အဲ့ဒီအဖြစ်အပျက်ဗီဒီယိုကို သူ့ရဲ့ပေ့ချ်မှာ ပြန်တင်ပြီး “စက္ကန့်တိုင်းက ကျွန်တော့်အတွက် တန်ဖိုးရှိပါတယ်။ လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် အသက်ကို အရင်ကယ်ရပါမယ်”လိုလည်း ရေးသားထားပါတယ်။ 

ဗီဒီယိုကြည့်ရှုရန် – https://www.youtube.com/watch?v=NtQ5fcmkOIA

Ref: Grab delivery rider gives cat CPR after Bangkok condo fire, saves it

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top