ကင်ညာနိုင်ငံမှာ ရေဘေးကြောင့် လူ ၂၀၀ နီးပါး သေဆုံး

8-5-2020-yyl-048.jpg

ပြီးခဲ့တဲ့လကစပြီး ကင်ညာနိုင်ငံတစ်ဝန်းမှာ မိုးသည်းသည်းမဲမဲ ရွာပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဖြစ်ပွားခဲ့လို့ လူ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး နေရပ်စွန့်ခွာရသူ ၁၀၀၀၀၀ လောက် ရှိခဲ့ပါတယ်။ ကင်ညာသမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရ ဟက်တာဧက ထောင်နဲ့ချီတဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေ ရေစီးထဲမျောပါခဲ့တယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေအထိ မိုးဆက်ရွာဖို့ရှိတယ်လို့ ခန့်မှန်းထားပြီး ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ ဆည်နှစ်လုံးမှာ တမံတွေ ပြိုကျလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

ဆည်ရဲ့အောက်အရပ်မှာ နေထိုင်သူတွေအနေနဲ့ နေရပ်စွန့်ခွာပြီး ကုန်းမြင့်တဲ့နေရာ ရှာဖွေကြဖို့ အသိပေးထားပါတယ်။ ရေကြီးရေလျှံမှုဟာ လူ ၂၆ ယောက် သေဆုံးခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး လှုပ်ရှားမှုတွေကို ရှုပ်ထွေးစေလိမ့်မယ်လို့ ကင်ညာအစိုးရက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top