ပြင်သစ်ဖျော်ဖြေပွဲအတွင်း မိုက်ကယ်ဂျက်ဆင် ဝတ်ဆင်ခဲ့တဲ့ ခြေအိတ်ကို ကန်ဒေါ်လာ ၈ ထောင်ကျော်နဲ့ ရောင်းချ

michal1.png

၁၉၉၀ ပြည့်နှစ်ဝန်းကျင်က ပြင်သစ်ဖျော်ဖြေပွဲတစ်ခုအတွင်း ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင် ဝတ်ဆင်ခဲ့တဲ့ ပြောင်လက်လက်ခြေအိတ်ကို ကန်ဒေါ်လာ ၈၀၀၀ ကျော်နဲ့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က လေလံတင်ရောင်းချခဲ့ပါတယ်။ ဖျော်ဖြေပွဲအပြီး မိုက်ကယ်ဂျက်ဆင်ရဲ့အဝတ်လဲခန်းအနီး လွှင့်ပစ်ထားတဲ့ ဒီခြေအိတ်ကို စက်ဆရာတစ်ဦးက တွေ့ရှိခဲ့တာပါ။ အခုလိုရောင်းမချခင် မှန်ဘောင်တစ်ခုအတွင်း ထည့်ထားပြီး ၂၈ နှစ်ကြာအောင် ထိန်းသိမ်းထားခဲ့တာပါ။

ကိုယ်ပိုင်စတိုင်နဲ့ မိုက်ကယ်ဂျက်စတင်ဟာ ၁၉၉၇ ခုနှစ်က HIStory World Tour အတွင်း စိန်အတုတွေနဲ့တန်ဆာဆင်ထားတဲ့ အဖြူရောင်အားကစားခြေအိတ်ကို ဝတ်ဆင်ခဲ့တာပါ။ Billie Jean သီချင်းကို ဖျော်ဖြေတင်ဆက်နေစဉ်အတွင်း အဲ့ဒီခြေအိတ်ကို ဝတ်ဆင်ခဲ့တာမြင်တွေ့ရနိုင်ပါတယ်။ ဆယ်စုနှစ်တွေကြာလာတာနဲ့ အဲ့ဒီပစ္စည်းက အစွန်းအထင်းတွေဖုံးလွှမ်းသွားက အလှဆင်ထားတဲ့ ကျောက်တွေကလည်း အရောင်ပြောင်းလာခဲ့ပါတယ်။

အစက ခြေအိတ်ကို ဒေါ်လာ ၃၄၀၀-၄၅၀၀ နဲ့ တန်ဖိုးဖြတ်ခဲ့ပေမဲ့ ကန်ဒေါ်လာ ၈၈၂၂ နဲ့ လေလံအောင်သွားခဲ့ပါတယ်။

Ref: Michael Jackson’s dirty sock sells for over $8K

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top