ဆီးရီးယားမှာ ဗြိတိန် အထူးတပ်ဖွဲ့ဝင် ခြောက်ယောက်ရဲ့ အသက်ကို သတ္တိရှိရှိ ကယ်တင်ပေးခဲ့တဲ့ စစ်တပ်သုံး အာဂခွေးကလေး

Screen-Shot-2018-07-08-at-3.03.38-PM.png

ဒီခွေးကလေးဟာ ဘယ်လ်ဂျီယံမာလင်နွာ (Belgian Malinois) ခွေးအမျိုးအစား ဖြစ်ပြီး ဗြိတိန် အထူးတပ်ဖွဲ့အတွက် လေ့ကျင့်ပေးထားတဲ့ စစ်မြေပြင်သုံး သိုးထိန်းခွေး ဖြစ်ပါတယ်။ ခွေးကလေးရဲ့ ရဲစွမ်းသတ္တိကြောင့် ဆီးရီးယားမှာ ချုံခိုတိုက်ခိုက်ခံခဲ့ရတဲ့ ဗြိတိန် အထူးတပ်ဖွဲ့ဝင် ခြောက်ယောက်ရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန် အထူးတပ်ဖွဲ့ဝင် ခြောက်ယောက်ဟာ ခွေးကလေးနဲ့အတူ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ စစ်ကင်းလှည့်လည်နေစဉ်မှာ အစ္စလာမ်စစ်သွေးကြွတွေရဲ့ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရတာပါ။ အငိုက်မိသွားတဲ့ ဗြိတိန်တပ်ဖွဲ့ဟာ သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် အစီအစဉ်တကျ နေရာယူထားတဲ့ စစ်သွေးကြွတွေရဲ့ အနီးကပ် ချုံခိုတိုက်ခိုက်မှုမှာ အခက်တွေ့နေခဲ့ရပါတယ်။

ဒီအချိန်မှာပဲ ခွေးကလေးဟာ အနီးဆုံးမှာရှိတဲ့ သေနတ်ကိုင် စစ်သွေးကြွတစ်ဦးကို လျင်လျင်မြန်မြန်နဲ့ ပြေးဝင်ခုန်အုပ်ပြီး လည်မျိုကို ကိုက်ဖြတ်ပစ်လိုက်သလို နောက်ထပ် စစ်သွေးကြွ နှစ်ယောက်ဟာလည်း ခွေးကလေးရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာရပြီး ကျန်တဲ့ ချုံခိုတိုက်ခိုက်သူတွေပါ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်အတွက် ခွေးကလေးဟာ ဗြိတိန်တပ်ဖွဲ့မှူးရဲ့ အထူးတလည် ဂုဏ်ပြုမှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။

“ခွေးကလေးရဲ့ ရဲစွမ်းသတ္တိကတော့ အံ့မခန်းပဲ။ သေနတ်သမားကိုဝင်လုံး၊ လည်မျိုကိုခဲပြီး ကိုက်ဖြတ် ပစ်လိုက်တာပါ။ သူကတော့ ဘာဒဏ်ရာမှ မရခဲ့ပါဘူး။ သူ့ရဲ့ကူညီမှုကြောင့် ကျွန်တော်တို့ တပ်ဖွဲ့အတွက် စုစည်းချိန် ရသွားပြီး စစ်သွေးကြွတွေရဲ့ ချောင်းမြောင်း ပစ်ခတ်မှုကနေ အဖွဲ့ဝင်တစ်ဦးမှ အသေအပျောက် မရှိပဲ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ ” လို့ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသွားခဲ့ပါတယ်။

Ref: dailymail “Hero SAS dog saves the lives of six elite soldiers in Syria”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top