ဂရမ်မီဆုအများဆုံးရရှိထားတဲ့ ဂီတအနုပညာရှင်အဖြစ် စံချိန်ချိုးခဲ့တဲ့ ဘီယွန်းစေး

6.2.2023-image-4.jpg

အဆိုတော် ဘီယွန်းစေးဟာ ဂရမ်မီဆုပေါင်း ၃၂ ဆုနဲ့ ဂရမ်မီဆုအများဆုံးရရှိထားတဲ့ ဂီတအနုပညာရှင်အဖြစ် စံချိန်ချိုးလိုက်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ၆၅ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ ဘီယွန်းစေးက သူ့ရဲ့သီချင်းအယ်လ်ဘမ် “Renaissance” နဲ့ Best Dance/Electronic Music Recording၊ Best Traditional R & B Performance၊ Best R & B Song and Dance၊ Best Electronic Music Album စတဲ့ ဂရမ်မီ ဆု ၄ ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူဟာ ဂရမ်မီဆု ၃၁ ဆု ရရှိခဲ့တဲ့ ဂီတမှူးဂျော့ ဆိုလ်တီကို ကျော်ပြီး စံချိန်ချိုးခဲ့တာပါ။

Best Electeonic Muaic Album ဆုလက်ခံစဥ်အတွင်း ဘုရားသခင်၊ သူ့မိသားစုနဲ့ LGBT အသိုင်းအဝိုင်းကို ကျေးဇူးတင်ခဲ့ပါတယ်။ “အရမ်းစိတ်မလှုပ်ရှားဖို့ ကြိုးစားနေရပါတယ်”လို့ သူက ဆိုပါတယ်။

Ref: Beyoncé makes history with win for Best Dance/Electronic Music Album

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top