တံငါသည်တစ်ဦးဟာ ပိုလန်နိုင်ငံက Vistula မြစ်ထဲ ငါးမျှားနေစဉ် နှစ်ပေါင်း ၇၀၀ သက်တမ်းရှိတဲ့ အလယ်ခေတ်ဓားရှည်တစ်ချောင်းကို ပြီးခဲ့တဲ့လက ဆယ်ယူမိခဲ့ပါတယ်။ အဲ့ဒီတံငါသည်က ပိုလန်နိုင်ငံရဲ့ဥပဒေအရ အဲ့ဒီရှေးဟောင်းပစ္စည်းကို the Capital Conservator of Monuments ဆီယူသွားပေးခဲပါတယ်။

The Capital Conservator of Monuments ကလည်း ကျွမ်းကျင်ပညာရှင်တွေ အဲ့ဒီဓားရှည်ကို ပရောဖက်ရှင်နယ်ကျကျ ပြုပြင်မွှမ်းမံမှုတွေလုပ်နိုင်ဖို့ the State Archeological Museum ရှိ သတ္တုထိန်းသိမ်းရေးအလုပ်ရုံ (the Metal Conservation Workshop) ဆီလှူဒါန်းပေးခဲ့ပါတယ်။

ပြုပြင်မွှမ်းမံမှုတွေလုပ်ပြီးတာနဲ့ ဆက်လက်လေ့လာမှုတွေပြုလုပ်နိုင်ဖို့ ပြတိုက်ရဲ့ ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဆီ လွှဲပြောင်းပေးအပ်မှာဖြစ်ပါတယ်။ ဓားမှာ ဝါဆောကို တည်ထောင်တဲ့အချိန် ၁၃ ရာစု-၁၄ရာစု ရက်စွဲပါရှိပါတယ်။ ဒီဓားကို ပြုလုပ်တဲ့ ပန်းပဲဆရာရဲ့လက်မှတ်ဖြစ်တဲ့ကြက်ခြေခတ်အမှတ်အသားကြောင့် ရက်စွဲအတိအကျကို သိရတာဖြစ်ပါတယ်။ ဓားက ထိပ်ဖျားကနေစပြီး ၃၁ လက်မအထိ ရှည်ပြီး ပြင်းထန်တဲ့ ရေတိုက်စားမှုကြောင့် ပေါ့နေတယ်လို့ သိရပါတယ်။
Ref: Fisherman Reels in 700-Year-Old Medieval Sword from River: ‘A Sensational Find’
WL (ရိုးရာလေး)

