တရုတ်အစိုးရရဲ့ လုံခြုံရေး ဥပဒေသစ်အရ ဟောင်ကောင်မြို့မှာ ဖမ်းဆီးမှုပြုလုပ်

2-6-2020-yyl-008.jpg

ဟောင်ကောင်မြို့မှာ တရုတ်အစိုးရက ချမှတ်လိုက်တဲ့ လုံခြုံရေးဥပဒေသစ်အရ ဟောင်ကောင်ရဲတပ်ဖွဲ့က ဦးဦးဖျားဖျား ဖမ်းဆီးထိန်းသိမ်းမှုတွေ လုပ်ခဲ့ပါတယ်။ ဟောင်ကောင်မြို့မှာ ဗြိတိန်နိုင်ငံရဲ့ အုပ်ချုပ်မှု အဆုံးသတ်တဲ့ ၂၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် စုဝေးပွဲလုပ်ချိန်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ကိုယ်ပိုင်လွတ်လပ်ရေးအလံ ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ယောက်အပါအဝင် လူ ၁၀ ယောက်ကို ဥပဒေချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တားမြစ်ထားတဲ့ စုဝေးပွဲတစ်ခုမှာ နောက်ထပ်လူ ၃၆၀ ကို ထိန်းသိမ်းခဲ့ပါတယ်။ အမျိုးသားလုံခြုံရေးဥပဒေဟာ ခွဲထွက်ဖို့ ကြိုးစားတာ၊ အစိုးရအဖွဲ့ကို ပြုတ်ကျအောင် တော်လှန်ပုန်ကန်တာ၊ အကြမ်းဖက်တာ စတဲ့ ပြစ်မှုတွေကို အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပါတယ်။

ဒီဥပဒေက ဟောင်ကောင်မြို့ရဲ့ လွတ်လပ်ခွင့်တွေကို တိုက်စားနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ပေမဲ့ တရုတ်အစိုးရကတော့ ဝေဖန်မှုတွေကို ပယ်ချခဲ့ပါတယ်။ ဗြိတိန်အစိုးရဟာ ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်မြို့ကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့ပြီး တစ်နိုင်ငံ၊ စနစ်နှစ်ခု သဘောတူညီချက်အရ သတ်မှတ်ထားတဲ့ အခွင့်အရေးတွေကို အနည်းဆုံး နှစ် ၅၀ ကြာ ပေးအပ်သွားမယ်လို့ အာမခံခဲ့ဖွယ်ရှိပါတယ်။ အခုအခါမှာတော့ ဗြိတိန်နိုင်ငံက ဟောင်ကောင်ဒေသခံ ၃ သန်းကို ဗြိတိန်နိုင်ငံမှာ အခြေချ နေထိုင်ခွင့်၊ နိုင်ငံသားခံယူခွင့်ပေးမယ်လို့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top