တတိယအကြိမ်မှတ်တမ်းတင်ရလောက်တဲ့ ရေကြီးရေလျံမှု ဗင်းနစ်မြို့မှာ ဖြစ်ပွားနေ

yyl-009-5.jpg

စတိုးဆိုင်တွေ၊ ပြတိုက်တွေကို တနင်္ဂနွေက ပိတ်ထားရတဲ့အထိ ဗင်းနစ်မြို့ကြီး ရေကြီးရေလျံမှုတွေ ဖြစ်လို့နေပါတယ်။ တစ်ရာသီအတွင်းမှာ ဗင်းနစ်မြို့ရဲ့ နောက်ထပ်ဒီရေတက်တာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး တတိယအကြိမ် မှတ်တမ်းတင်ရလောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

အာဏာပိုင်တွေက ဒီရေမြင့်တက်လာပြီး လှိုင်းအရမ်းထနေတာကြောင့် သမိုင်းဝင်နေရာတွေကို ပိတ်ပစ်လိုက်တာကြောင့် ဓာတ်ပုံရိုက်ဖို့အတွက် ရောက်ရှိနေတဲ့ ခရီးသွားဧည့်သည်တွေ စိတ်ပျက်သွားခဲ့ရပါတယ်။ St Mark’s Basilica ဘုရားကျောင်းရဲ့ မြေအောက်ခန်းထဲကို ရေတွေဝင်ရောက်လာတာကို ရပ်တန့်ဖို့အတွက် တံခါးပေါက်တွေမှာ သဲအိတ်တွေထားရှိခဲ့ပြီး အဲဒီဘုရားကျောင်းကိုလည်း ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

ဒီရေတိုင်းတွာချက်အရ ရာသီဥတုအခြေအနေကြောင့် (၁.၅) မီတာရှိနေပြီး ဒါနဲ့ဆို တတိယကြိမ်ရေကြီးမှု ဖြစ်တယ်လို့ ဆိုပါတယ်။ ဗင်းနစ်မြို့မှာ ရေ Level က ၁.၅ မီတာဖြစ်နေတဲ့အတွက် ၅၃ နှစ်အတွင်း အဆိုးဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

ဗင်းနစ်မြို့ရဲ့ မြို့တော်ဝန်က ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုက ယူရို (၁) သန်းရှိတယ်လို့ ခန့်မှန်းခဲ့ပြီး အီတလီအာဏာပိုင်တွေက အဲဒီနေရာကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဗင်းနစ်မြို့က ရွံ့နွံနစ်တာနဲ့ ရေမြင့်တက်လာမှုတွေ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က အီတလီနိုင်ငံရဲ့ အခြားနေရာတွေမှာလည်း ရေကြီးမှုဖြစ်နေပါတယ်။ ပီဆာပြည်နယ်က အလုပ်သမားတွေက ရေမြင့်တက်လာတဲ့ အာနိုမြစ်တစ်လျှောက်က လမ်းမတွေကို သဲအိတ်တွေထားခဲ့ကြပါတယ်။ ဖရောရန့်စ်မြို့ရဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Boboli Gardens ကို ပိတ်ထားရပြီး မြစ်ကမ်းပါးထိပ်ကို ရေမြင့်တက်လာတာကြောင့် တက်ကန်ဒေသအနီးနားမှာ လူ (၅၀၀) ရှောင်တိမ်းနေကြရပါတယ်။

အီတလီနိုင်ငံရဲ့ Alto Adige တောင်တန်းမှာလည်း နှင်းမုန်တိုင်းတိုက်ခိုက်ခဲ့ပြီး အယ်လ်ပိုင်ချိုင့်ဝှမ်းတော်တော်များများမှာ လမ်းတွေပိတ်ဆို့ခဲ့ရပါတယ်။ Val Martello ပြည်နယ်မှာလည်း တောင်ပေါ်ကနေ နှင်းထု၊ ရေခဲထုနဲ့ ကျောက်တုံးတွေ တစ်ဟုန်ထိုးလျှောကျခြင်းက အိမ်နှစ်လုံးကို ပျက်စီးပစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတော့မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ အခြားအိမ်တွေကလည်း ရှောင်တိမ်းနေထိုင်နေရပါတယ်။ ရောမမြို့မှာလည်း လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုတွေဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Ref: SMH “Venice under water again as third record tide floods the city”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top