ငှက်တစ်ကောင်ပျံသန်းရောက်ရှိခဲ့တဲ့ အံ့သြဖွယ်ရာခရီးလမ်းကြောင်း

53287863_10157159528178118_2871451044880056320_n.jpg

အခုမြင်ရတဲ့ မြေပုံကတော့ သိမ်းငှက်တစ်ကောင်ရဲ့ နှစ် (၂၀) ကြာကာလအတွင်း ပျံသန်းခဲ့တဲ့ ခရီးလမ်းကြောင်းကို ဖော်ပြထားတာဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာကတည်းက ဒီသိမ်းငှက်ရဲ့ကိုယ်မှာ ခြေရာခံစက်တစ်ခုတပ်ဆင်ပေးထားခဲ့တာဖြစ်ပြီး နှစ်ပေါင်း (၂၀) ကြာပြီးချိန်မှာတော့ ဒီငှက်ဟာ ဆော်ဒီအာရေဗျနိုင်ငံက Child တောင်ကြားဒေသမှာ သေဆုံးသွားခဲ့ပါပြီ။

သိမ်းငှက်တစ်ကောင် နှစ် (၂၀) ကြာကာလအတွင်း ပျံသန်းခဲ့တဲ့ ခရီးလမ်းကြောင်း

သူဟာ နှစ်ပေါင်း (၂၀) အချိန်အတွင်းမှာ နိုင်ငံပေါင်းမြောက်မြားစွာကို ပျံသန်းရောက်ရှိခဲ့ပြီး သူခရီးနှင်ခဲ့တဲ့အကွာအဝေးကလည်း တကယ့်ကို အံ့အားသင့်စရာကောင်းအောင် များပြားလွန်းလှပါတယ်။


စိတ်ဝင်စားဖို့ကောင်းတဲ့တစ်ချက်ကတော့ ဒီသိမ်းငှက်ဟာ ပင်လယ်ပြင်ကို ဖြတ်ကျော်ပျံသန်းခဲ့တာလုံးဝမရှိခဲ့ဘဲ သူ့ရဲ့ အရှည်လျားဆုံးခရီးလမ်းကြောင်းကိုလည်း မြေပြင်ပေါ်မှာသာပျံသန်းခဲ့တယ်ဆိုတဲ့ အချက်ပါ။ ငှက်မျိုးစိတ်အတော်များများဟာ ပင်လယ်ပြင်ပေါ်မှာ ပျံသန်းသွားလာတတ်ကြပေမဲ့ ဒီသိမ်းငှက်ကတော့ သူ့ရဲ့ သက်တမ်းတစ်ခုလုံးမှာ အဲဒီလို တစ်ကြိမ်တစ်ခါမှပျံသန်းခဲ့ပုံမရတာက သေချာနေပါတယ်။

Ref: Vittorio Jeff Conti FB
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top