တောင်ကိုရီးယားနာမည်ကြီးအစီအစဉ် Running Man နဲ့ လူသိများတဲ့ အဆိုတော် ဂင်ဂျုံးဂုဟာ သူ လက်ထပ်တော့မယ်ဆိုတာကို ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့မှာ လက်ရေးစာတစ်စောင်နဲ့ အသိပေးလိုက်ပါတယ်။
စာထဲမှာတော့ အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဂျုံးဂုက “တစ်နေ့ကျ ဒီလိုမျိုးရေးပြီး ပို့စ်တင်ဖို့ ကျွန်တော့်ကိုယ်ကျွန်တော် အမြဲပြင်ဆင်ထားပေမဲ့ ဒါကို လုပ်ဖို့ ပြင်နေတဲ့ချိန်မှာတော့ ကျွန်တော် တွေးထားတာထက်ပိုပြီး စိတ်လှုပ်ရှားပြီး တုံရီနေမိတယ်။ ကျေးဇူးပြုပြီး ကျွန်တော်ကို ဂုဏ်ပြုပေးပြီး ပံ့ပိုးပေးပါ။ နည်းနည်းနောက်ကျနေပြီဖြစ်ပေမဲ့ ဒီလမ်းကို လျှောက်တာ ကျွန်တော် ဘယ်လောက်ကံကောင်းလဲ..ဟုတ်တယ်မလား”လို့ ပြောထားပါတယ်။

ဂျုံးဂုက သူနဲ့ သူ့သတို့သမီး (ဘယ်သူဘယ်ဝါဆိုတာ ဖော်ပြမထား)တို့ မကြာခင် မိသားစု၊ ဆွေမျိုး၊ အပေါင်းအသင်းအနည်းငယ်နဲ့ သီးသန့်မင်္ဂလာပွဲကျင်းပဖို့ စီစဉ်နေတယ်လို့လည်း ပြောထားပါတယ်။
လက်ရှိမှာတော့ ဂျုံးဂုက နှစ် ၃၀ ပြည့် အထိမ်းအမှတ် အယ်လ်ဘမ်နဲ့ အောက်တိုဘာလမှာ ဖျော်ဖြေပွဲလုပ်ဖို့ ပြင်ဆင်နေပါတယ်။
Ref: Kim Jong-kook announces marriage
WL ( ရိုးရာလေး)

