အဆိုတော်ကိုးကိုးလီ သေဆုံးသွားခဲ့တဲ့အတွက် မင်းသားကြီးဂျက်ကီချမ်း ဝမ်းနည်းကြောင်းပြသ

7.7.23-yyl-2.jpg

“ကိုးကိုး…မင်းက စူပါစတားတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာခဲ့တာပါ။ မင်းမှာ ဩချလောက်စရာအရည်အချင်းနဲ့ ထူးခြားတဲ့ကိုယ်ပိုင်စတိုင်ရှိပါတယ်။ မင်းရဲ့အသံ၊ မင်းရဲ့အက၊ မင်းရဲ့တောက်ပတဲ့အပြုံးတွေက မရေတွက်နိုင်တဲ့လူတွေရဲ့နှလုံးသားထဲမှာ နေရာယူထားခဲ့တာပါ။ မင်းက ဒီကမ္ဘာထဲကို အများကြီးယူဆောင်လာခဲ့တယ်။ အခု ကောင်းကင်မှာ လင်းလက်တောက်ပနေတဲ့ အခြားကြယ်တစ်ပွင့်ရှိပြီ။ ငြိမ်းချမ်းစွာ အိပ်စက်အနားယူပါ”ဟောင်ကောင်မင်းသားကြီးဂျက်ကီချမ်းက ကိုးကိုးလီအတွက် ဝမ်းနည်းကြောင်းပြသတဲ့အနေနဲ့ အခုလို ချီးကျူးဂုဏ်ပြုစကားဆိုခဲ့တာပါ။

ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ပြီးနောက် ၃ ရက်အကြာ ဇူလိုင်လ ၅ ရက်နေ့မှာ နာမည်ကြီးဟောင်ကောင်အဆိုတော် ကိုးကိုးလီ သေဆုံးသွားခဲ့တာကြောင့် သူ့ရဲ့မိသားစုဝင်တွေ၊ သူ့ရဲ့ပရိသတ်တွေ၊ သူ့ရဲ့အနုပညာလောကက မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အရမ်းကြေကွဲဝမ်းနည်းခဲ့ကြရတာပါ။ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရတဲ့ အနုပညာလောကသားတွေထဲမှာ ဂျက်ကီချမ်းလည်း ပါဝင်ခဲ့တာကြောင့် အခုလို လူမှုကွန်ယက်ပေါ်မှာ ဝမ်းနည်းကြောင်းကြောင်းပြသခဲ့တာပါ။

ဂျက်ကီချမ်းက ကိုးကိုးလီနဲ့ Disneyရဲ့ Mulan (1998) ဇာတ်ကားမှာအတူ ပါဝင်ခဲ့ဖူးပါတယ်။ သူက စစ်သူကြီးလီရှန်အဖြစ် အသံသရုပ်ဆောင်ခဲ့သလို ကိုးကိုးလီကလည်း မူလန်အဖြစ် အသံသရုပ်ဆောင်ပေးခဲ့တာပါ။

ဆက်စပ်သတင်းဖတ်ရှုရန် – Mulan အဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးဟောင်ကောင်အဆိုတော် ကိုးကိုးလီ ကြွေလွင့်ခဲ့ရ

Ref: Jackiechan’s facebook page

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top