ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ မင်းသားကြီး ဂျက်လီ

actor1.jpg

ကွန်ဖူးအကျော်အမောမင်းသားကြီး ဂျက်လီဟာ ဆေးရုံတက်နေရတဲ့ သူ့ရဲ့ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို မျှဝေခဲ့ရာမှာ လူမှုကွန်ယက်အသုံးပြုသူတွေကို စိုးရိမ်မှုမြင့်တတ်လာစေခဲ့ပါတယ်။ ဂျက်လီက ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ဓာတ်ပုံကို ဩဂုတ်လ ၁၇ ရက်နေ့က Douyin တရုတ်လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့တာပါ။ “ကျွန်တော် မကြာသေးခင်က နောက်ထပ်မမျှော်လင့်ထားတဲ့စိန်ခေါ်မှုကို ရင်ဆိုင်ထားရတယ်”လို့လည်း ရေးသားထားပါတယ်။

အခြားအကြောင်းအရင်းကိုတော့ မဖော်ပြမထားပါဘူး။ ခွဲစိတ်ခန်းကို ဦးတည်နေတဲ့ ဘီးတပ်လှည်းနဲ့ သူ့ရဲဗီဒီယိုကိုလည်း ဆက်ပြီး တင်ခဲ့ပါတယ်။ ပရိသတ်တွေ မစိုးရိမ်ဖို့ကိုလည်း “တချို့ hardware ပြဿနာတွေ ပြုပြင်ဖို့ စက်ရုံကို ပို့ရတယ်။ ကျွန်တော့်ကို စိုးရိမ်ပူပင်ကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် အရမ်းမစိုးရိမ်ပါနဲ့။ ကျွန်တော် နည်းနည်းအနားယူဖို့ လိုအပ်တာပါ”လို့ ဂျက်လီက ရေးသားခဲ့ပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့မှာ တင်ခဲ့တဲ့ ဗီဒီယိုမှာတော့ ဂျက်လီက ခွဲစိတ်ခန်းက ရုပ်ရှင်ရိုက်ကွင်းနဲ့တူတယ်လို့ စနောက်ပြောဆိုထားပါတယ်။ သူ အားအင်တွေပိုပြည့်လာသလိုခံစားနေရတယ်လို့ မတ်တပ်ရပ်ပြီးပြောနေတဲ့ ပုံကိုလည်း တင်ခဲ့ပါ‌တယ်။

ခေါက်ဆွဲစားနေတဲ့ပုံကို တင်ပြီးတော့ သူ စက်ရုံက ထွက်ခွာရပြီ လို့လည်း ဆိုထားပါတယ်။ ပရိသတ်တွေကိုလည်း ကျန်းမာပျော်ရွှင်အောင်နေဖို့ ဆုတောင်းပေးထားပါတယ်။ ဂျက်လီဟာ ရိုးရိုးအကျိတ်ကို ဖယ်ရှားဖို့ ခွဲစိတ်ကုသမှုခံယူခဲ့ပုံရပါတယ်။

Ref: ‘Another unexpected challenge’: Jet Li undergoes surgery to remove benign tumour

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top