တစ်လကြာအတွင်း ဒုတိယအကြိမ် ကိုဗစ် Positive ဖြစ်ခဲ့တဲ့ ရှော့ခ်အဆိုတော် ဘရိုင်ယန်အဒမ်

26-11-2021yyl4.jpg

ရှော့ခ်အဆိုတော် ဘရိုင်ယန်အဒမ်ဟာ တစ်လကြာကာလအတွင်း ဒုတိယအကြိမ် ကိုဗစ်ရောဂါပိုးရှိ (Positive) အဖြေထွက်ခဲ့ပါတယ်။ အီတလီနိုင်ငံ မီလန်မြို့က မယ်ပန်ဆာလေဆိပ်ကို ရောက်ရှိလာပြီးနောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးရှိ အဖြေ စစ်ဆေးတွေ့ရှိခဲ့တာလို့ ဘရိုင်ယန်အဒမ်က အင်စတာဂရမ်မှာ ရေးသားထားပါတယ်။

ဘရိုင်ယန်အဒမ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလကလည်း Rock and Roll Hall of Fame အခမ်းအနားမှာ ဖျော်ဖြေတင်ဆက်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ကိုဗစ်-၁၉ စစ်ဆေးရာမှာ ရောဂါပိုးရှိ အဖြေထွက်ခဲ့လို့ ဖျော်ဖြေပွဲကနေ နုတ်ထွက်ခဲ့ရပါတယ်။ ဘရိုင်ယန်အဒမ်က ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီး ရောဂါလက္ခဏာ လုံးဝမခံစားရဘူးလို့ အဲဒီအချိန်တုန်းက သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အမေရိကန်နိုင်ငံ ကူးစက်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားသိပ္ပံဒါရိုက်တာ ဒေါက်တာအန်သိုနီဖော်စီက ” ဗိုင်းရပ်စ်က သူ့ကိုယ်ထဲမှာ ဆက်ရှိနေသေးတာဖြစ်မယ်။ အဲဒါကြောင့် Positive ဖြစ်တာ၊ ဗိုင်းရပ်စ် သေမသွားတာပေါ့။ တချို့လူတွေက ကိုယ်ခံအားမကောင်းကြလို့ ဗိုင်းရပ်စ်က အချိန်ကြာကြာ ဆက်ရှိနေတာမျိုး ကျွန်တော်တို့ တွေ့ရပါတယ်။ ဘရိုင်ယန်အဒမ်ရဲ့ ကျန်းမာရေးအခြေအနေကို မသိလို့ ဒီကိစ္စကို ကျွန်တော် မှတ်ချက်မပေးချင်ပါဘူး” လို့ ဆိုပါတယ်။

ဘရိုင်ယန်အဒမ်ဟာ Pirelli တာယာကုမ္ပဏီရဲ့ ၂၀၂၂ ပြက္ခဒိန် အတွက် ဓာတ်ပုံရိုက်ပေးဖို့ အီတလီကို ရောက်နေတာပါ။

Ref: Independent “Bryan Adams tests positive for Covid-19 for the second time in one month: ‘Off to the hospital”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top