တရုတ်နိုင်ငံ၊ ကျီကျန်းပြည်နယ်၊ ဝမ်ကျိုးမြို့က အမျိုးသမီးတစ်ဦးဟာ နှစ် ၃၀ ကြာ ကွဲကွာနေခဲ့ရတဲ့ မိခင်အရင်းနဲ့ ပြန်လည်ဆုံစည်းခဲ့ရပါတယ်။ လူမှုကွန်ယက်ပေါ်မှာ သူ့အမေနဲ့ တူတဲ့ တစ်စုံတစ်ယောက်ကို တွေ့ပြီး DNA စစ်ဆေးမှုပြုလုပ်ပြီးတဲ့နောက်မှာ အခုလို ပြန်လည်ဆုံစည်းခဲ့ရတာပါ။
အသက် ၃၂ နှစ်အရွယ် သမီးဖြစ်သူ ယန်ဟာ Tik Tok နဲ့ဆင်တူတဲ့ Douyin တရုတ်လူမှုကွန်ယက်အကောင့်မှာ မိခင်ဖြစ်သူနဲ့ အရမ်းတူတဲ့ တစ်စုံတစ်ယောက်ရဲ့ဗီဒီယိုကို တွေ့ရှိခဲ့တာပါ။ အဲ့ဒီနောက် ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပြီး DNA စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ရွှီ ဆိုတဲ့ အဲ့ဒီအမျိုးသမီးဟာ သူ့ရဲ့အမေအရင်းဖြစ်တယ်ဆိုတဲ့ ရလဒ်ထွက်ရှိလာခဲ့ပါတယ်။ ယန်ဟာ ကလေးဘဝမှာ မွေးစားခံခဲ့ရပြီ သူ့မွေးစားမိဘတွေနဲ့ ပျော်ရွှင်ပေမဲ့ သူ့ရဲ့မွေးမိဘတွေကို အမြဲရှာချင်ခဲ့တာပါ။
ဇွန်လ ၃ ရက်နေ့က ယန်ဟာ Zezhu Police Station ကို သွားရောက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ယန်ရဲ့ DNA ကို ယူပြီး ကျန်းရှီးပြည်နယ်အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။
လွန်ခဲ့တဲ့ နှစ် ၃၀ က ငွေကြေးအခက်အခဲကြောင့် ယန်ကို အခြားမိသားစုကို မွေးစားဖို့ ပေးခဲ့တာဖြစ်ပြီး အဲ့ဒီမိသားစုနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ မိခင်ဖြစ်သူ ရွှီက ပြောပါတယ်။ ရွှီက နောင်တတရားတွေနဲ့ နေထိုင်ရင်း ယန်ကို ရှာဖွေနေခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဇွန်လမှာတော့ Douyin အကောင့်မှာ လူပျောက်ကြော်ငြာပို့စ်နဲ့ စာတွေ တင်ခဲ့ပါတယ်။
ယန်ကလည်း သူ့ရဲ့အတိတ်က မူလအရင်းအမြစ်ကို တိတ်တဆိတ်စုံစမ်းနေခဲ့ပေမဲ့ သူ့မွေးစားမိဘတွေ စိတ်ပျက်သွားမှာဆိုးလို့ ဆက်ရှာဖွေဖို့ တုံ့ဆိုင်းနေခဲ့ရတာပါ။ သူ့မွေးစားမိဘတွေ သိသွားတဲ့အချိန်မှာလည်း မိဘအရင်းကို ရှာဖွေဖို့ အပြည့်အဝထောက်ပံ့ပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ယန်ဟာ သူ့အမေအရင်း ရွှီနဲ့ ပြန်လည်ဆုံစည်းသွားခဲ့ပါပြီ။
Ref: Chinese woman reunites with biological mother after 30 years, spotted her on Douyin
WL ( ရိုးရာလေး)

