ဇွန် ၁၀ ရက်နေ့က အထူးသီးသန့် Labubu Art Show ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ၄ ပေ မြင့်တဲ့ Labubu အရုပ်ကြီးကို The Yongle International Auction House က လေလံတင်ရောင်းချခဲ့ပါတယ်။ အဲ့ဒါအရုပ်ကြီးကို ဒေါ်လာ၁၇၂၇၉၈ နဲ့ ရောင်းထွက်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ၅ ပေမြင့်တဲ့ နောက်ထပ်အညိုရင့်ရင့် Labubu အရုပ်ကြီးလည်း ပါဝင်ခဲ့ပြီး ဒေါ်လာ ၁၃၀၀၀၀ကျော်နဲ့ ရောင်းချခဲ့ပါတယ်။
ပွဲမှာ Labubu အရုပ် ၄၈ ရုပ်ရောင်းချခဲ့ပြီး ဈေးအကြီးဆုံးအမျိုးအစား Labubu ကို ဝယ်ယူသွားသူကို လေလံတင်ရောင်းချသူက ဂုဏ်ပြုပေးခဲ့ပါတယ်။ လေလံပွဲကို လူ (၁၀၀) ဦးကျော် တက်ရောက်ခဲ့ပေမဲ့ လူကိုယ်တိုင်ရော၊ အွန်လိုင်းကရော လေလံဆွဲတဲ့သူ ၁၀၀၀ နီးပါးပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Ref: 4-Foot-Tall Labubu Doll Sells at Auction for Over $170,000 amid Toy Frenzy
WL ( ရိုးရာလေး)