စီအီးအိုရာထူးက နှုတ်ထွက်ပြီး အမှုဆောင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် Apple ရဲ့စီအီးအို တင်မ်ကွတ်

apple.jpg

Apple ရဲ့စီအီးအိုအဖြစ် အချိန်အကြာကြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ တင်မ်ကွတ်ဟာ စီအီးအိုရာထူးကနေ နှုတ်ထွက်ပြီး အမှုဆောင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။ အကြီးတန်းဟာ့ဒ်ဝဲခေါင်းဆောင် ဂျွန် တာနက်စ်က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကစပြီး Apple ရဲ့စီအီးအိုအသစ်ဖြစ်လာမှာဖြစ်ပါတယ်။

ရာထူးလွှဲပြောင်းမှုကို Appleရဲ့ဘုတ်အဖွဲ့က တညီတစ်ညွတ်တည်းအတည်ပြုခဲ့ပြီး ရေရှည်ဆက်ခံမှုစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ်မှာ ဖော်ပြထားတဲ့အတိုင်းလိုက်နာခဲ့တာဖြစ်ပါတယ်။ တင်မ်ကွတ်က ဂျွန် တာနက်စ်ကို တာဝန်တွေလွှဲပြောင်းပေးရင်းနဲ့ နွေရာသီအထိ စီအီးအိုအဖြစ် ဆက်ရှိနေမှာပါ။

တင်မ်ကွတ်က အမှုဆောင်ဥက္ကဋ္ဌအဖြစ် Apple ကို မဟာဗျူဟာမြောက်စွာ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ဂျွန်က Apple ရဲ့နောက်ထပ်အခန်းကဏ္ဍဆီ ဦးဆောင်ဖို့ မေးခွန်းထုတ်စရာမလိုတဲ့ မှန်ကန်တဲ့သူဖြစ်တယ်လို့ တင်မ်ကွတ်က ဆိုပါတယ်။

တင်မ်ကွတ်က စတီဂျော့စ်ရဲ့နေရာကို ဆက်ခံပြီးတော့ ၂၀၁၁ ခုနှစ်ကတည်းက Apple ကို ဦးဆောင်ညွှန်ကြားခဲ့တာပါ။ သူ စီအီးအိုတာဝန်ယူခဲ့စဉ်အတွင်း Apple ရဲ့ ဈေးကွက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၅၀ ဘီလျံကနေ အမေရိကန်ဒေါ်လာ ၄ ထရီလျံအထိ မြင့်တက်လာခဲ့ပြီး နှစ်စဉ်ဝင်ငွေဟာ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၀၈ ဘီလျံကနေ ၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၄၁၆ ဘီလျံအထိ မြင့်တက်လာခဲ့ပါတယ်။

ဂျွန် တာနက်စ်က ၂၀၀၁ ခုနှစ်မှာ Apple ရဲ့ ထုတ်ကုန်ဒီဇိုင်းအဖွဲ့မှာ ပါဝင်ခဲ့ပြီး iPhone, Mac, iPad နဲ့ Apple Watch ထွက်သမျှစီးရီးတွေမှာ ပါဝင်လုပ်ကိုင်ခဲ့တာပါ။ ၂၀၁၃ ခုနှစ်မှာ ဟာ့ဒ်ဝဲအင်ဂျင်နီယာဌာနရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး၂၀၂၁ ခုနှစ်မှာ အကြီးတန်းဒုတိယဥက္ကဋ္ဌအဖြစ် Apple ရဲ့ အမှုဆောင်အဖွဲ့မှာပါဝင်ခဲ့ပါတယ်။

Ref: Tim Cook to step down as Apple CEO, become executive chairman, John Ternus to take over in Sep. 2026

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top