သေမင်းတံခါးဝရောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်လူနာကို အဆုတ်အစားထိုးကုသခြင်းဖြင့် ကယ်တင်နိုင်ခဲ့

8-5-2020-yyl-014.jpg

COVID-19 ကူးစက်ခံရမှုကြောင့် Wuhan’s Red Cross Hospital မှာ ဆေးရုံတင်ထားရတဲ့ အသက် (၆၅) နှစ်အရွယ် ကန် အန် ဆိုသူ အမျိုးသားဟာ (၂) လကျော်လောက် အသက်ရှုစက်နဲ့ နေခဲ့ရပြီး အသက်အန္တရာယ်စိုးရိမ်နေရတာဖြစ်ပါတယ်။ အဲဒီအမျိုးသားကို အဆုတ်နှစ်ခုလုံးအစားထိုးကုသပေးခြင်းဖြင့် People’s Hospital of Wuhan Universityက ဆရာဝန်တွေဟာ ကယ်တင်လိုက်နိုင်ခဲ့ပါပြီ။ သူဟာ ဖေဖော်ဝါရီလလယ်ကစပြီး ဝူဟန်ဆေးရုံမှာ တက်ရောက်နေခဲ့ရတာဖြစ်ပါတယ်။ သူက ဗိုင်းရပ်စ်ကြောင့် အဆုတ်ပျက်စီးသွားတဲ့အတွက် သေမင်းတံခါးဝရောက်နေခဲ့တာပါ။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ခွဲစိပ်ဆရာဝန်တွေက (၆) နာရီကြာအချိန်ယူပြီး အဆုတ်နှစ်ခုလုံးကို အစားထိုးပေးခြင်းဖြင့် သူ့ကို ကယ်တင်ပေးခဲ့ကြပါတယ်။

ကိုယ်ခန္ဓာအစိတ်အပိုင်းအလှူရှင်တွေ ဝူဟန်မြို့မှာ ပေါ်လာပြီးတဲ့နောက်မှာ ခွဲစိပ်မှုကို ဧပြီလ ၂၀ ရက်နေ့က ဆောင်ရွက်ခဲ့ပါတယ်။ People’s Hospital of Wuhan Universityရဲ့ ဆရာဝန် လင်ဟွေ့ချင်ဟာ ဒီခွဲစိပ်မှုကို အရမ်းအန္တရာယ်များတယ်လို့ ပြောပါတယ်။ အစားထိုးခွဲစိပ်မှုပြုလုပ်ချိန်မှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက စကားပြောလို့တောင်မရနိုင်ခဲ့ပါဘူး။ သူတို့ရဲ့အတွေ့အကြုံနဲ့ အပြန်အလှန်နားလည်မှုတွေပေါ်မူတည်ပြီး ခွဲစိပ်မှုပြီးမြောက်အောင်လုပ်ဆောင်ခဲ့ရပါတယ်။

အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒီအမျိုးသားဟာ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကိုယ်အပူချိန်မြင့်လာခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့မှာ COVID-19 ရောဂါခံစားခဲ့ရတာဖြစ်ပါတယ်။ သူက Wuhan’s Red Cross Hospital ကို တက်ရောက်ခဲ့ရပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ အသက်ရှုစက်နဲ့ ထားခဲ့ရပါတယ်။ အထူးကြပ်မတ်ခန်းကို ပြောင်းရွေ့ပြီးနောက် ဆေးစစ်ချက်များစွာ ခံယူခဲ့ရပါတယ်။ ရောဂါပိုးက သူ့ရဲ့အဆုတ်ကို ပျက်စီးပစ်ခဲ့ပြီး သေမင်းတံခါးဝရောက်ခဲ့ရပါတယ်။ ဆရာဝန်တွေက သူ့အသက်ကို ကယ်တင်ဖို့ တစ်ခုတည်းသောနည်းလမ်းက အစားထိုးကုသမှုဖြစ်တယ်လို့ ဆိုပါတယ်။ ဧပြီ ၂၀ ရက်နေ့မှာ အလှူရှင်တစ်ယောက် ဆုံးပါးသွားတဲ့အတွက် သူ့ကို အဆုတ်လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ အလှူရှင်ရဲ့အဆုတ်တွေကို ယူနန်ပြည်နယ်ကနေ ဝူဟန်မြို့ကို ပို့ဆောင်ပေးခဲ့ပြီး အဲဒီညနေမှာ ခွဲစိပ်ကုသမှုတွေပြုလုပ်ခဲ့ပါတယ်။

လူနာကို ခွဲစိပ်ပြီး (၂) ရက်ကြာတဲ့အထိ အသက်ရှုစက်နဲ့ ထားရှိခဲ့ပြီး ဧပြီ ၂၄ ရက်နေ့မှာ နိုးထလာခဲ့ပါတယ်။ သူ့ကြွက်သားတွေက အဆုတ်ကို လုပ်ဆောင်မပေးနိုင်သေးတဲ့အတွက် အသက်ရှုပိုက်လိုအပ်နေပါသေးတယ်။ အဲဒီလိုဖြစ်နေပေမဲ့လည်း အခုဆိုရင် တော်တော်လေး ပြန်လည်ကောင်းမွန်လာပြီလို့ ပြောလို့ရပါတယ်။ လူနာက နဂိုအတိုင်း လုံးဝပြန်ကောင်းဖို့အတွက် အချိန်ကြာဦးမှာဖြစ်ပေမဲ့ တဖြည်းဖြည်းချင်းတော့ လှုပ်ရှားနိုင်စွမ်းတွေ ပြန်ရရှိနေပါပြီလို့ ဆေးရုံရဲ့ဒုပရောဖက်ဆာ လီကွမ်က ပြောပါတယ်။

Ref: Coronavirus patient at ‘death’s door’ saved by transplant as new lungs flown to Wuhan

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top