သမီးဖြစ်သူက အဆိုတော်ဖြစ်ဖို့ Audition တွေဝင်နေတယ်ဆိုတဲ့ လီယောင်အေး (ချန်ဂင်)

idol.jpg

ချန်ဂင်လို့ မြန်မာပရိသတ်တွေ သိကြတဲ့ မင်းသမီးချော လီယောင်အေးဟာ အမြွှာကလေး ၂ ဦးရဲ့မိခင်ဖြစ်တာကြောင့် Youtube channel Zzanboro ရဲ့ Talks show မှာ ပါဝင်တဲ့အချိန် ကလေးတွေအကြောင်းပြောဖြစ်ခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူ ရှင်ဒုန်ရောက လီယောင်အေးကို ကလေးတွေကို ဆူငေါက်တဲ့အချိန် အခုလိုအသံမျိုးနဲ့ပဲလားလို့ မေးမြန်းခဲ့တာပါ။ ယောင်အေးက သူ့ကို အဲ့ဒီမေးခွန်းတော်တော်မေးကြတယ်။ ကလေးတွေနဲ့ဆိုရင် အသံမြှင့်ပြောရတယ်။ မိဘတွေအများစုက ဒီလိုပဲမဟုတ်ဘူးလားလို့ ပြန်ဖြေခဲ့ပါတယ်။ သူ့ရဲ့အမြွှာကလေးတွေဖြစ်တဲ့ သားနဲ့သမီး (အသက် ၁၅ နှစ်) အကြောင်းကိုလည်း ထုတ်ပြောခဲ့ပါတယ်။ သမီးဖြစ်သူက သူ့နဲ့တူပြီး သားဖြစ်သူက ခင်ပွန်းဖြစ်သူနဲ့ တူတယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူရဲ့ဝါသနာကတော့ အိုင်ဒေါတွေကို ကြိုက်တာဖြစ်ပြီး အဆိုတော်ဖြစ်ဖို့ Audition (အသံစစ်ဆေးမှု) တွေလုပ်နေတယ်။ ဒီအတွက် သူ ခွင့်ပြုထားတယ်။ သူ့ကို လုပ်ခွင့်မပေးရင် အမေ့ကြောင့် သူ မလုပ်ရဘူးလို့ ပြောလိမ့်မယ်လို့ ယောင်အေးက သူ့သမီးအကြောင်း ထုတ်ပြောသွားခဲ့ပါတယ်။

လက်ရှိမှာတော့ လီယောင်အေးက စက်တင်ဘာ ၂၀ ရက်နေ့ ထွက်ရှိမယ့် “Walking on Thin Ice” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ထားပါတယ်။

Ref: Lee Young Ae reveals her 15-year-old daughter is auditioning to become an idol

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top