ဆရာဝန်တွေကို ကာကွယ်ပေးဖို့အတွက် လျှော်ဖွတ်လို့ရတဲ့ Mask (၇,၀၀၀) ထုတ်လုပ်ခဲ့တဲ့ ထိုင်းနိုင်ငံက တက္ကသိုလ်

18-3-2020-yyl-026.jpg

ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကာကွယ်ဖို့နဲ့ Mask တွေကို ဈေးမြင့်ပြီး ရောင်းချနေတဲ့သူတွေရဲ့ရန်ကနေ ကာကွယ်ဖို့ ဆရာဝန်တွေအတွက် လျှော်ဖွတ်လို့ရတဲ့ Mask (၇,၀၀၀) ကို မဟီဒေါတက္ကသိုလ် (Mahidol University) မှာရှိတဲ့ Siriraj Hospital က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ WIN mask (လျှော်ဖွတ်လို့ရတဲ့ mask) တွေကို ထိုင်းနိုင်ငံက အဖွဲ့အစည်းတွေဖြစ်ကြတဲ့ အဆင့်မြင့်ပညာဝန်ကြီးဌာန၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ သုတေသနအဖွဲ့၊ the Thailand Centre of Excellence for Life Sciences၊ Rajamangala University of Technology Lanna နဲ့ the National Institute of Nuclear Technology တို့ ပူပေါင်းပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

WIN mask တွေက (ရေစိုခံနာနိုကုတ် (Nano Coat) နဲ့ ရက်ထည်၊ ဇင့် အောက်ဆိုဒ်ပါဝင်တဲ့ မိုက်ခရိုဖိုက်ဘာ ရက်ထည်အပြင် ချောင်းဆိုးခြင်းနဲ့ နှာချေခြင်းကထွက်လာတဲ့အရည်တွေကို စုပ်ယူနိုင်တဲ့ ချည်ထည်) ဆိုပြီး အလွှာ (၃) လွှာ ပါရှိပါတယ်။ အဲဒီအလွှာ (၃) လွှာက ဖုန်မှုန့်တွေနဲ့ အလွန်သေးငယ်တဲ့အရည်တွေကို စစ်ထုတ်ပေးနိုင်ပါတယ်။ ဒီ Mask တွေကို လျှော်ဖွတ်လို့ရပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးထားတဲ့ အရည်သွေးမြင့် mask တွေဖြစ်ပါတယ်။

ပထမဆုံးခြေလှမ်းအနေနဲ့ Siriraj Hospital က mask (၇,၀၀၀) ဝန်းကျင်ကို ထုတ်ပိုးပြီး အဓိကဆေးရုံတွေကို သုံးပတ်အတွင်း ပို့ပေးသွားမှာဖြစ်ပါတယ်။ Mask တွေ ပိုပြီးထုတ်လုပ်ဖို့နဲ့ ပြုလုပ်ဖို့အတွက် ရန်ပုံငွေကောက်ခံသွားမှာ ဖြစ်ပါတယ်။ ရန်ပုံငွေကောက်ခံရမှုအပေါ်မူတည်ပြီး Mask တွေထုတ်လုပ်ဖို့အတွက် (၁) လအချိန်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိလည်း COVID 19 ကူးစက်ပျံ့နှံ့မှုက ဆက်လက်များနေပြီး နိုင်ငံပေါင်း (၁၇၄) နိုင်ငံရှိနေပါပြီ။ ကူးစက်ခံရသူဦးရေက (၂) သိန်းနီးပါးရှိတော့မှာဖြစ်ပြီး သေဆုံးသူဦးရေက (၇,၀၀၀) ကျော်ရှိနေပြီဖြစ်ပါတယ်။

Ref: Thai university makes 7,000 washable masks to protect doctors

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top