တစ်နှစ်အတွင်း အကြိမ်ရေ (၁.၅) သန်း ဒိုက်ထိုးနိုင်လို့ ကမ္ဘာ့စံချိန်ချိုးခဲ့သူ

9-6-2-21-yl-01.jpg

ဝစ္စကွန်းဆင်းပြည်နယ်က ဖခင်တစ်ဉီးကတော့ အရင်က ဘယ်သူမှမလုပ်နိုင်ခဲ့တဲ့အရာကို လုပ်နိုင်ခဲ့ပါပြီ။ သူဟာ တစ်နှစ်အတွင်းမှာ အကြိမ်ရေအများဆုံးဒိုက်ထိုးနိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်ချိုးခဲ့လို့ပါပဲ။ နိတ် ကာရို (Nate Carroll) ဆိုတဲ့ အဲဒီဖခင်က ကိုဗစ်ကို ရှေ့တန်းက တွန်းလှန်ပေးရင်း သေဆုံးခဲ့သူတွေရဲ့မိသားစုဝင်တွေအတွက် ရန်ပုံငွေရှာပေးရင်းနဲ့ ဘယ်လောက်ပမာဏအများဆုံး ဒိုက်ထိုးနိုင်ပြီး ကမ္ဘာ့စံချိန်တင်နိုင်မလဲဆိုတာကို မြင်တွေ့ချင်ခဲ့တာပါ။

နိတ်က ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၃ ရက်နေ့က စပြီး ဒိုက်ထိုးခဲ့ရာကနေ အခုဆိုရင် အကြိမ်ရေ ၁.၅ သန်း ထိရှိသွားပါပြီ။ သူဟာ နယူးဂျာစီပြည်နယ်ရဲ့ MetLife ဘောလုံးကွင်းမှာ ပြုလုပ်တဲ့ နှစ်ပတ်လည်ရန်ပုံငွေဘောလုံးပွဲ Fun City Bowll မှာ သူ့ရဲ့မစ်ရှင် ပြီးမြောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ သူဟာ ဒိုက်ထိုးတာ အကြိမ်ရေ (၁,၅၀၀,၂၃၁) ထိ ရရှိခဲ့ပါတယ်။

နိတ်က မယုံနိုင်လောက်အောင်ကိုပဲ နေ့တိုင်း အကြိမ်ရေ (၄,၀၀၀) ဒိုက်ထိုးနိုင်ခဲ့ပါတယ်။ သူက Tunnel to Towers ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေရှာပေးချင်တဲ့အပြင် လုပ်ချင်စိတ်ရှိရင် ဘယ်အရာမှ မဖြစ်နိုင်တာ မရှိဘူးဆိုတာကိုလည်း သူ့ရဲ့ကလေးတွေကို သက်သေပြချင်ခဲ့တာပါ။ နိတ်က ဒီမစ်ရှင်ကိုလုပ်ဆောင်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုလောက်ပဲရှိတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို ပျမ်းမျှအားဖြင့် ၄၀၀၀ ကျော်ဒိုက်ထိုးတာက လက်မောင်းနဲ့ အဓိကနေရာတွေမှာ ကြွက်သားတွေကျစ်လျစ်လာတဲ့အပြင် သူ့ခန္ဓာကိုယ်က ဘယ်လို ခံစားခဲ့ရပြီး ဖိအားတွေကို ဘယ်လိုတုန့်ပြန်လဲဆိုတာလည်း သိလာရတယ်လို့ ဆိုပါတယ်။

တကယ်တော့ နိတ်က သူ့ရဲ့မစ်ရှင်ကို ဇွန်လ ၁၃ ရက်နေ့မှာ တရားဝင်ပြီးမြောက်မှာဖြစ်ပါတယ်။ သူကတော့ စက်တင်ဘာ ၁၁ ရက်နေ့အတွင်း အသက်ပေးလိုက်ရတဲ့ ရှေ့တန်းကတွန်းလှန်ခဲ့သူတွေကို ဂုဏ်ပြုနိုင်ဖို့အတွက် သူ့ရဲ့နောက်ဆုံးတာလီမှာ ၉၁၁ ဆိုတဲ့ ဂဏန်းတွေကို ပါအောင် စွမ်းဆောင်ချင်ခဲ့တာပါ။

နိတ်က ကမ္ဘာ့စံချိန်ချိုးနိုင်တဲ့အတွက် ပျော်ရွှင်ဝမ်းမြောက်ရင်းနဲ့ သူ့ရဲ့အဓိက ရည်ရွယ်ချက်က ကိုဗစ်ကို ရှေ့တန်းကနေ တွန်းလှန်ရင်း ကျဆုံးသွားခဲ့ရတဲ့ မိသားစုဝင်တွေအတွက် ရန်ပုံငွေရှာနိုင်ဖို့နဲ့ အသိအမြင်တိုးပွားစေဖို့ပါပဲ။ သူ့လိုမျိုး တူညီတဲ့ တစ်စုံတစ်ရာကို စွမ်းဆောင်ချင်တဲ့ သူတွေကိုလည်း “မင်း လုပ်ခဲ့တဲ့အရာအတွက်မဟုတ်ဘဲ မင်း ဘယ်သူလဲဆိုတာ သိအောင်လုပ်ပါ။ ဘဝက ခက်ခဲလာပြီး ဘဝက သင့်လျှောက်တဲ့လမ်းမှာ အတားအဆီးတွေဖြစ်ပေါ်လာစေတဲ့အခါ အရမ်းခက်ခဲလို့ ရပ်တန့်ပစ်ချင်လာတဲ့အခါ အားမလျော့ဘဲ ကြံ့ကြံ့ခိုင်နိုင်မယ့်၊ အပတ်တကုတ်ကြိုးပမ်းအားထုတ်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာပါ” နိတ်က အားပေးတိုက်တွန်းထားပါတယ်။

Ref: Ladbible “Dad Breaks World Record After Completing 1.5 Million Push Ups”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top