ဇာတ်လမ်းတွဲသစ်ရဲ့အပိုင်းတစ်ပိုင်းကို အနုပညာကြေးဒေါ်လာ ၂၉၀၀၀၀ ရတယ်ဆိုတဲ့ သတင်းကို ပတ်ဟွန်ဆစ်ရဲ့အေဂျင်စီ ငြင်းဆို

lie.jpg

နာမည်ကြီးတောင်ကိုရီးယားမင်းသားချော ပတ်ဟွန်ဆစ်ဟာ မကြာသေးခင်ကမှ ထုတ်လွှင့်ပြီးသွားခဲ့တဲ့ TWELVE ဇာတ်လမ်းတွဲမှာ သူ့ဇာတ်ရုပ်အတွက် အပိုင်းတစ်ပိုင်းကို ဝမ် သန်း ၄၀၀ (ကန်ဒေါ်လာ ၂၉၀၀၀၀ ) ရခဲ့တယ်ဆိုတဲ့ သတင်းတွေကို သူ့ရဲ့အေဂျင်စီက ငြင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့မှာ ပတ်ဟွန်ဆစ်ရဲ့အေဂျင်စီ LEB Entertainment က “Dr Slump ဇာတ်လမ်းတွဲကနေစပြီး TWELVE ဇာတ်လမ်းတွဲအထိ ပတ်ဟွန်ဆစ်ရဲ့အနုပညာကြေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေက မမှန်ကန်ပါဘူး။ အတည်မပြုရင် သတင်းအမှားတွေ ဆက်လက်ထွက်ရှိနေမှာဖြစ်လို့ ဒီတရားဝင်ကြေညာချက်ကို ထုတ်ပြန်လိုက်ရတာပါ။ ပတ်ဟွန်ဆစ်က ပရောဂျက်တိုင်းကို ရိုးသားစွာ ပါဝင်ခွင့်ရနေခဲ့တာပါ။ သူ့အနာဂတ်အတွက် ပရိသတ်တွေရဲ့နွေးထွေးတဲ့ပံ့ပိုးကူညီမှုတွေကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်ရပါတယ်”လို့ ရေးသားခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က ပတ်ဟွန်ဆစ်ဟာ TWELVE ဇာတ်လမ်းတွဲမှာ နတ်ဆိုးဇာတ်ကောင် အိုဂွီအဖြစ် ပါဝင်သရုပ်ဆောင်မှုအတွက် အပိုင်းတစ်ပိုင်းကို ဝမ် သန်း ၄၀၀၊ စုစုပေါင်း အပိုင်း ၈ ပိုင်းကို ဝမ် ၃.၂ ဘီလျံ (ကန်ဒေါ်လာ ၂.၃ သန်း) ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

Ref: Park Hyung Sik’s agency denies ₩400 million(~$290,000 USD) per episode claim

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top