Live action ပြန်လည်ရိုက်ကူးမယ့် Mulan ရုပ်ရှင် မှာ Mulan အဖြစ် သရုပ်ဆောင်မယ့် Liu Yifei

l.jpg

Disney မှ ၁၉၉၈ ခုနှစ်က ရိုက်ကူးတင်ဆက်ခဲ့တဲ့ ရဲရင့်တဲ့ အမျိုးသမီး စစ်သည်တော် တစ်ယောက်အကြောင်း ကာတွန်းရုပ်ရှင် Mulan ကို Live action အနေနဲ့ ပြန်လည်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

ဆယ့်ကိုးနှစ် ကြာသွားပြီးတဲ့ နောက် အခု တဖန်ပြန်လည်ရိုက်ကူးမယ့် Mulan ရုပ်ရှင်မှာတော့ ပရိသတ်အချစ်တော် နာမည်ကြီး တရုတ်မင်းသမီးချော Liu Yifei က Mulan အဖြစ် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ Liu Yifei ကို Crystal Liu လို့လည်း လူသိများကြပြီး သူမ အနေနဲ့ Mulan အဖြစ် သရုပ်ဆောင်ဖို့ အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။  Mulan ဇာတ်ကောင်နေရာအတွက် သရုပ်ဆောင်ပေါင်း တစ်ထောင်လောက်ထဲကမှ စကာတင်ရွေးချယ်လိုက်တဲ့ ၅ ဦးရှိခဲ့ပြီး ၎င်းတို့ထဲကမှ အသက် ၃၀ ရှိပြီ ဖြစ်တဲ့ မင်းသမီးချောလေး Liu Yifei ကို Mulan အဖြစ် ရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေကတော့ သိမ်းငှက်သူရဲကောင်း စီးရီး ထဲက ဇာတ်ကောင်နာမည်ဖြစ်တဲ့ ဂူဂူး အနေနဲ့ ချစ်စနိုး မှတ်မိနေကြဦးမယ် ထင်ပါတယ်။

Disney အနေနဲ့လည်း Mulan ဇာတ်ကောင်အတွက် အင်္ဂလိပ်စကားပြော ကျွမ်းကျင်တဲ့ တရုတ်မင်းသမီးဖြစ်ရမယ့်အပြင် ကိုယ်ခံပညာ၊ ဓားသိုင်း တွေနဲ့ ပတ်သက်တဲ့ အရည်အချင်းရှိတဲ့သူကို ရှာဖွေနေခဲ့တာပါ။ အဲ့ဒီ အရည်အချင်းတွေက Liu Yifei အတွက် ကွက်တိဖြစ်နေခဲ့တယ်လို့ ဆိုရမှာပါပဲ။

Mulan ရုပ်ရှင်ကတော့ ဖခင်နေရာမှာ ကိုယ်စားဝင် စစ်ပွဲဝင်တဲ့ ရဲရင့်တဲ့ အမျိုး သမီး စစ်သည်တော် Mulan ရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ၁၉၉၈ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Mulan ကာတွန်းရုပ်ရှင်ကတော့ ဝင်ငွေ ၃၀၄.၃ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ အခု ပြန်လည်ရိုက်ကူးသွားမယ့် Mulan Live action ကရော အဲ့ဒီအောင်မြင်မှုကို Liu Yifei နဲ့ အတူ ဆက်လက်ရရှိသွားမလားဆိုတာကတော့ စိတ်ဝင်စားဖွယ် ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ကိုတော့ ၂၀၁၉ ခုနှစ်မှာ ရုံတင်ပြသ သွားမှာ ဖြစ်ပါတယ်။
Ref: Dailmail Celebrity
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top