သမ္မတရွေးကောက်ပွဲဝင်မယ့် ဂျိုးဘိုင်ဒင်ရဲ့ တွဲဖက်ကိုယ်စားလှယ် အဖြစ် ကာမာလာဟာရစ် ရွေးချယ်ခံရ

12-8-2020-yyl-001.jpg

အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က အထက်လွှတ်တော်အမတ် ကာမာလာဟာရစ်ကို သူ့ရဲ့တွဲဖက်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ကာမာလာဟာရစ်ဟာ အခုလို ရွေးချယ်ခံရတဲ့ ပထမဆုံး လူမည်းအမျိုးသမီး၊ အာရှနွယ်ဖွား အမေရိကန်နိုင်ငံသူ ဖြစ်လာခဲ့ပါတယ်။

အိန္ဒိယ-ဂျမေကာသွေးနှောတဲ့ ကယ်လီဖိုးနီးယားလွှတ်တော်အမတ် ကာမာလာဟာရစ်ဟာ ဒုတိယသမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ်လို့ ထင်ကြေးပေးခံထားရသူပါ။ ရဲတပ်ဖွဲ့က မလိုအပ်ဘဲ အင်အားသုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ အမေရိကန်နိုင်ငံတစ်ဝန်းမှာ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်တယ်လို့ ကာမာလာဟာရစ်က ပြောပါတယ်။ ဂျိုးဘိုင်ဒင်ဟာ လာမယ့်နိုဝင်ဘာလ ၃ ရက်ကျရင် ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ကာမာလာဟာရစ်ဟာ အောက်တိုဘာလ ၇ ရက်ကျရင် ယူတားပြည်နယ် ဆော့လိတ်မြို့မှာ ဒေါ်နယ်ထရမ့်ရဲ့ တွဲဖက်ကိုယ်စားလှယ် မိုက်ပန့်စ်နဲ့ စကားရည်လုမှာ ဖြစ်ပါတယ်။

၁၉၈၄ ခုနှစ်မှာ ဒီမိုကရက်တစ်ပါတီက ဂျရယ်ဒင်ဖာရာရို၊ ၂၀၀၈ ခုနှစ်မှာ ရီပတ်ဗလစ်ကန်ပါတီက ဆာရာပေါ်လင် စတဲ့ အမျိုးသမီးနှစ်ယောက်ကို ဒုတိယသမ္မတနေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ဖူးပေမဲ့ သူတို့နှစ်ယောက်လုံး အနိုင်ရခဲ့ခြင်းမရှိပါဘူး။

Ref: BBC ” Biden VP pick: Kamala Harris chosen as running mate”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top