မြန်မာနိုင်ငံအတွက် Samsung ၏ Authorized Distributor များဖြစ်သော UC (Unlimited Channel Company) နှင့် M9 Group Company Limited တို့မှ တရားဝင်တင်သွင်းဖြန့်ချီထားသော Samsung ထုတ်ကုန်ပစ္စည်းများကို eStore ဝက်ဆိုဒ် မှတဆင့် ပိုမိုလွယ်ကူ၊ အဆင်ပြေစွာ ဝယ်ယူနိုင်ပါပြီ။
တရားဝင် eStore ကနေ Samsung Galaxy စမတ်ဖုန်းတွေနဲ့ Samsung အိမ်သုံးပစ္စည်းတွေကို ဘယ်နေရာကနေမဆို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဝယ်ယူထားတဲ့ Samsung Galaxy စမတ်ဖုန်းများအတွက်လည်း Samsung Care+ ဝန်ဆောင်မှုအနေနဲ့ ဖုန်းအမျိုးအစားပေါ် မူတည်ပြီး မတော်တဆဖြစ်၍ ဖုန်းမျက်နှာပြင် ပျက်စီးခြင်းများ အတွက် အထူးသက်သာခွင့်နှင့် ပြုပြင်ခွင့်များကို ရရှိနိုင်ဦးမှာပါ။
Samsung Galaxy စမတ်ဖုန်းတွေနဲ့ Samsung ထုတ်ကုန်တွေကို eStore ကနေ အောက်ပါတိုင်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Samsung Myanmar ရဲ့ eStore လင့်ခ် (https://estoremyanmar.com/eip-products) ထဲသို့ဝင်ပါ။
ဝယ်ယူလိုတဲ့ Samsung ထုတ်ကုန် ကိုရွေးချယ်ပါ။ ထုတ်ကုန်မော်ဒယ်အမျိုးအစား၊ အရောင်နဲ့ Storage စသည်တို့ကို နှစ်သက်ရာ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။သေချာစွာရွေးချယ်ပြီးပါက Buy Now ကို ရွေးပါ။
ထို့နောက် ဝယ်ယူသူထံ ဆက်သွယ်ရန် အချက်အလက်နှင့် ပို့ဆောင်ပေးရမည့် လိပ်စာများအား ပြည့်စုံစွာဖြည့်ပါ။
ဖြည့်သွင်းထားသော အချက်အလက်များအား ပြန်လည်စစ်ဆေးပြီး ပြည့်စုံမှန်ကန်ပြီဆိုပါက Place Order ကို နှိပ်ပါ။
ပြီးနောက်မှာတော့ မှာယူထားတဲ့ Samsung ထုတ်ကုန်ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုနဲ့ လွယ်ကူအဆင်ပြေစွာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
Samsung ချစ်သူများအတွက် အဆင်ပြေလွယ်ကူအောင် eStore ကိုမိတ်ဆက်ပေးလိုက်တာဖြစ်ပြီး ပိုမိုကောင်းမွန်အဆင့်မြင့်တဲ့ လုပ်ဆောင်ချက်များ ထည့်သွင်းပေးနိုင်ဖို့ကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိနေပါတယ်။ eStore နှင့်ပက်သက်ပြီး အသေးစိတ်အကြောင်းအရာများအပါအဝင် Samsung ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများအကြောင်းကို အချိန်နဲ့တပြေးညီ ပိုမိုသိရှိလိုပါက Samsung Myanmar Facebook Page နဲ့ www.samsung.com/mm/ တို့မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
#GalaxyAI #Samsung #eStore
NZ (ရိုးရာလေး)

