သက်ကြီးလူရွှင်တော် တွေအတွက် အလှူငွေ (၁၀) သိန်း လှူဒါန်းခဲ့တဲ့ နေတိုး

18-8-2020-yyl-027.jpg

သက်ကြီးလူရွှင်တော်တွေအတွက် အလှူငွေကျပ် (၁၀) သိန်း လှူဒါန်းခဲ့တယ်လို့ သရုပ်ဆောင် နေတိုးက သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ‘‘ဒီနေ့ သက်ကြီးလူရွှင်တော်ကြီးများအတွက် ၁၀ သိန်းလှူဖြစ်ပါတယ်။ အလှူကို ‘ပါလေရာ’ စားသောက်ကုန် ငါးသိန်းဖိုးဝယ် ယူလှူဒါန်းခဲ့ရာမှာ ‘ပါလေရာ’ မိသားစုနဲ့ ကိုရွှေမန်းတို့ကလည်း ငါးသိန်းဖိုး ထပ်မံလှူဒါန်းပေးခဲ့ပါတယ်။ စုစုပေါင်း ၁၅ သိန်းဖိုး ဖြစ်ပါတယ်ခင်ဗျ’’လို့ နေတိုး ဆိုပါတယ်။

ဒါပြင် အခုလှူလိုကတဲ့” ပါလေရာ”စားသောက်ကုန်များ ကန်တော့ခံ လူရွှင်တော်များမှပရိသတ်များကို live လွှင့်ရောင်းချပေးသွားမှာ ဖြစ်တယ်လိုသိရပါတယ် ပရိသတ်များလဲ အမှတ်တရအနေနဲ့ ဝယ်ယူအားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ လို့ သူက ပြောပါတယ်။ သက်ကြီးလူရွှင်တော်များကို ပူဇော်ကန်တော့ ပွဲကိုစက်တင်ဘာ (၉) ရက် မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒီနှစ်အတွက် ကန်တော့ခံ သက်ကြီးလူရွှင်တော်မှာ (၆၅) ဦး ဖြစ်ပါတယ်။

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top