ဆန်းသစ်သော Features များနှင့် vivo Y22 အသစ်အား မကြာမီ မိတ်ဆက်ရန်ရှိ

20.2.2023-image-2.jpg

ဈေးသက်သာ လူငယ်ဆန်ပြီး နည်းပညာစိတ်ဝင်စားသော အသုံးပြုသူများအတွက် vivo Y22 Y စီးရီးအသစ်ကို Vivo မှ မကြာမီ မိတ်ဆက်ပေးတော့မည်ဖြစ်သည်။ Y22 တွင် အာရုံခံကိရိယာပါရှိသော 50MP ကျောဘက်ကင်မရာ၊ 8MP HD ရှေ့ကင်မရာ နှင့် Video Face Beauty တို့ ပါဝင်လာမည်ဖြစ်ပြီး လူငယ်များအတွက် တီထွင်ဖန်တီးမှု အားကောင်းကောင်း နှင့် ရင်သပ်ရှုမောဖွယ်ရိုက်ချက်များကို ရိုက်ကူးနိုင်မည်ဖြစ်သည်။

Y22 ဧ။် ကင်မရာပိုင်းတွင် MediaTek Helio G85 ပရိုဆက်ဆာဖြင့် ပံ့ပိုးပေးထားပြီး ဘက်စုံလုပ်ဆောင်ချက်များနှင့် ဂိမ်းကစားခြင်းတို့အား နှေးကွေးမှုမရှိရန် ထောက်ပံ့ပေးထားသည်။ လက်ဗွေရာဖတ်စနစ်အား Side Fingerprint ဒီဇိုင်းအဖြစ် ပါဝါခလုတ်နေရာတွင် ပေါင်းစပ်ပါဝင်သောကြောင်း သက်သောင့်သက်သာလွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ပါသည် ။

Y22 သည် ပေါ့ပါးလှပသောဒီဇိုင်းဖြင့် 2.5D Curvature ထည့်သွင်းထားသောကြောင့် သစ်လွင်လှပနေမည်ဖြစ်သည်။ ခေတ်မီ Minimalism ဒီဇိုင်းများအား ကြိုက်နှစ်သက်သော ပရိသတ်များအတွက် vivo Y22 ဧ။် အရောင်များသည် ပြီးပြည့်စုံခြင်း ၊ တောက်ပခြင်းနှင့် အနာဂတ်ဆန်ခြင်းတို့နှင့် အသုံးပြုသူများကြား စိတ်လှုပ်ရှားစရာ ဖြစ်လာဖွယ်ရှိသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top