The Mask ဇာတ်ကားနဲ့ နာမည်ကြီးလူသိများတဲ့ ဂန္တဝင်သရုပ်ဆောင်-ဟာသမင်းသားဂျင်မ် ကာရေးဟာ သရုပ်ဆောင်တွေကို ဂုဏ်ပြုတဲ့ ပြင်သစ်နိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ပြုဆုကို မကြာခင်ရရှိတော့မှာဖြစ်ပါတယ်။ လာမယ့်နှစ်ကျ ပြင်သစ်ရုပ်ရှင်နယ်ပယ်မှာ ထိပ်တန်းအောင်မြင်မှုတွေကို အသိအမှတ်ပြုချီးမြှင့်တဲ့ ၅၁ ကြိမ်မြောက် Cesar Awards မှာ ဂျင်မ်က Cesar Award ကို လက်ခံရရှိသွားမှာဖြစ်ပါတယ်။ ဒီဆုပေးပွဲကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ရက်နေ့ကျ ပါရီမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ဂျင်မ် ကာရေးက လွန်ခဲ့တဲ့ အနုပညာသက်တမ်း နှစ် ၃၀ အတွင်းမှာ ဟာသပိုင်းရော အငိုပိုင်းရောမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့တာကြောင့် သူ့ကို အခုလိုဂုဏ်ပြုတာဖြစ်ပါတယ်။ သူက သူ့ရဲ့ဟာသစွမ်းရည်ကို The Mask နဲ့ Dumb and Dumber ဇာတ်ကားတွေမှာ ပြသခဲ့ကာ မမေ့နိုင်စရာဇာတ်ကောင်တွေဖြစ်ခဲ့ပါတယ်။ The Truman Show ၊ Man on the Moon နဲ့ Eternal Sunshine of the Spotless Mind လို ဇာတ်ကားတွေမှာ ဒရာမာဆန်ဆန်သရုပ်ဆောင်နိုင်ကြောင်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။
ဂျင်မ်က အနုပညာနယ်ပယ်ကနေ ၂ နှစ်တာ အနားယူခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်ကမှ Sonic the Hedgehog 3 မှာ Doctor Eggman အဖြစ် အသံသရုပ်ဆောင်ဖို့အတွက် ပြန်လာခဲ့တာပါ။
Ref: Jim Carrey to Receive One of France’s Highest Accolades for an Actor, the Honorary César Award
WL (ရိုးရာလေး)

