ဒိုင်ယာနာမင်းသမီးလို့ ပြောလိုက်တာနဲ့ သူ့ရဲ့ဖက်ရှင်တွေကို အရင်ဆုံးပြေးမြင်မိကြမယ်ထင်ပါတယ်။ သူ သေဆုံးပြီးတဲ့နောက် ဆယ်စုနှစ် ၂ စုကျော်တဲ့အထိ သူ့ရဲ့ဝတ်စုံတွေအတွက် ဈေးကြီးပေးဝယ်နေကြတုန်းပါပဲ။ ဘဲလ်ဗီလီ ဆာဆွန် ဒီဇိုင်းထုတ်ပြီး ဒိုင်ယာနာမင်းသမီး ဝတ်ဆင်ခဲ့တဲ့ ပန်းပွင့်ပိုးချည်ဂါဝန်ဆိုရင်လည်း ပြီးခဲ့တဲ့အပတ်က ဒေါ်လာ ၅၀၀၀၀၀ နဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။
ဒီဝတ်စုံကို ရီနေး ပလန့်တ်ဆိုသူက ဝယ်ယူခဲ့ပြီး ဒါကို ဒိုင်ယာနာမင်းသမီးက ဆေးရုံတွေဆီ အလည်သွားရောက်တဲ့အခါ မကြာခဏဝတ်ဆင်လေ့ရှိတာကြောင့် The Princess Diana Museum မှာ ခင်းကျင်းပြသထားဖို့ စီစဉ်ထားပါတယ်။ ဒီဝတ်စုံက ဒိုင်ယာနာရဲ့ကရုဏာ၊ ကြင်နာတရားနဲ့ လူသားချင်းစာနာမှုတို့ကို ကိုယ်စားပြုတယ်လို့ ရီနေးက ဆိုထားပါတယ်။

ဒိုင်ယာနာမင်းသမီးဝတ်ဆင်ခဲ့တဲ့ အဝတ်အစားရာချီအပြင် သူ ပိုင်ဆိုင်တဲ့ အမှတ်တရပစ္စည်းတွေကိုလည်း လေလံပွဲမှာရောင်းချခဲ့ပါသေးတယ်။
Ref: Princess Diana’s ‘caring’ dress sells for over $500K at auction
WL ( ရိုးရာလေး)