ပရိသတ်တွေ မယုံနိုင်ဖြစ်ခဲ့ရတဲ့ “True Beauty”ဒရာမာမှ Frienshipဟန်းချိန်းရဲ့တန်ဖိုး

27-1-2021-yyl-24.jpg

စာဖတ်ပရိသတ်တွေထဲမှာ ကိုရီးယားဒရာမာပရိသတ်တွေရှိမယ်ဆိုရင် “True Beauty” ဆိုတဲ့ လူငယ်ကြိုက်ကျောင်းသားကားလေးကို ကြည့်နေကြရဲ့လား။ “True Beauty” ဒရာမာကို ကြည့်နေတယ်ဆိုရင် “Friendship” ဟန်းချိန်းလေးကို မြင်ဖူးကြပါလိမ့်မယ်။ အဲဒီဒရာမာမှာ အဓိကမင်းသားတွေဖြစ်တဲ့ Cha Eun Woo၊ Hwang In Yeop နဲ့ Chani တို့ သူငယ်ချင်း ၃ ယောက် ဆင်တူဝတ်ဆင်ခဲ့တဲ့ ဟန်းချိန်းလေးပါပဲ။ မြန်မာပရိသတ်တွေလည်း ဒီဟန်းချိန်းရဲ့ဈေးနှုန်းအမှန်ကို သိသွားမယ်ဆိုရင် မယုံနိုင်ဖြစ်ကြမယ်ထင်ပါတယ်။

True Beauty ဒရမ်မာမှာ ဆူဟို၊ ဆောဂျွန်း၊ ဆယ်ယွန်း ဆိုတဲ့ ကောင်လေး (၃) ယောက်က အရင်းနှီးဆုံးသူငယ်ချင်းတွေပါ။သူတို့တွေက သူငယ်ချင်း‌တွေဆင်တူဝတ်ဆင်ဖို့အတွက် လမ်းဘေးဆိုင်တစ်ဆိုင်ကနေ “Friendship” ဟန်းချိန်းလက်ကောက်လေးကို ဝယ်ယူခဲ့တဲ့ ဇာတ်ဝင်ခန်းကို ပရိသတ်တွေ မြင်တွေ့ရမှာပါ။ သော့တစ်ချောင်းပါတဲ့ သံကြိုးဆက်လက်ကောက်လေးဖြစ်ပါတယ်။ ဒရမ်မာထဲမှာ ဒီလက်ကောက်လေးက အဓိကပစ္စည်းတစ်ခုအနေနဲ့ ပါဝင်လာခဲ့ပြီး ဇာတ်ဝင်ခန်းတော်တော်များများမှာလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒရမ်မာထဲမှာ မဟုတ်ဘဲ အပြင်မှာတော့ ဒီငွေဟန်းချိန်းလက်ကောက်လေးကို ဖန်တီးခဲ့တဲ့ ဆိုင်က ဝမ် ၂ သိန်း ၆ သောင်း (အမေရိကန်ဒေါ်လာ ၂၃၅) နဲ့ ရောင်းချနေပါတယ်။ ဒရမ်မာထဲမှာ လမ်းဘေးဆိုင်ကနေ ဝယ်ခဲ့တဲ့ ဒီလက်ကောက်ရဲ့တကယ့်တန်ဖိုးကို အင်တာနက်အသုံးပြုသူတွေ တွေ့ရှိသွားတဲ့အခါမှာ တအံ့တသြဖြစ်သွားခဲ့ရပါတယ်။ “လမ်းဘေးဆိုင်မှာ ရောင်းတဲ့ လက်ကောက်က ဝမ် ၂သိန်း ၆သောင်း တန်တယ်ဆိုတာ တွေ့ရတော့ အရမ်းရယ်ရတယ်”၊ “ဂျူဂယောင်း (ဒရမ်မာမှ အဓိကအမျိုးသမီးဇာတ်ကောင်) ရဲ့လည်ဆွဲထက်တောင် ပိုဈေးကြီးတယ်” လို့ ပြောဆိုနေကြပါတယ်။

True Beauty မှ အဓိကအမျိုးသမီးဇာတ်ကောင် ဂျူဂယောင်းရဲ့လည်ဆွဲဟာ SWAROVSKI တံဆိပ်ရဲ့ကျောက်လေးတွေစီထားတဲ့ ငန်းပုံဆွဲသီးလေးနဲ့ Rose Gold ဆွဲကြိုးလေးဖြစ်ပါတယ်။ အဲဒီဆွဲကြိုးရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၈၉ ပဲ ရှိတဲ့အတွက် Friendship လက်ကောက်ရဲ့တန်ဖိုးကို မြင်တော့ အင်တာနက်အသုံးပြုသူတွေ မယုံကြည်နိုင်ဖြစ်ခဲ့ရတာပါ။

ဒီ Frienship လက်ကောက်လေးကို သူငယ်ချင်းတွေနဲ့ဆင်တူဝတ်ချင်လိုက်တာလို့ ပြောတဲ့ အင်တာနက်အသုံးပြုသူတွေလည်းရှိပါတယ်။ စာဖတ်ပရိသတ်တွေထဲက ကိုရီးယားဒရမ်မာပရိသတ်တွေကလည်း True Beauty ဒရမ်မာကို မကြည့်ရသေးဘူးဆိုရင် ကြည့်လိုက်ကြဦးနော်။ လက်ရှိ ထုတ်လွှင့်ပြသနေဆဲဖြစ်ပြီး အပိုင်း (၁၆) ပိုင်းပါဝင်ပါတယ်။

Ref: Netizens Laugh At The Price Of The Friendship Bracelet Of “True Beauty”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top